Healthy Life Ad
International

အမျိုးသားနဲ့ အတူနေပြီးတိုင်း ဆီးအောင့်တယ် . .

မေး ။ ။ ကျွန်မအမျိုးသားနဲ့ အတူနေပြီးတိုင်း ဆီးထဲမှာအောင့်ပြီးတော့ ကျန်ခဲ့ပါတယ်။ ဆီးလည်း နည်းနည်းသွားလိုက်၊ ပြီးတော့ ခဏနေပြန်သွားချင်လိုက်၊ နည်းနည်းသွားလိုက် ပြန်သွားချင်လိုက်နဲ့ ဆီးထဲမှာအောင့် အောင့်နေပါတယ်။ အခုတစ်လလောက်မှာ ဖြစ်လာတာပါ။ အဲဒါဘာဖြစ်လို့ ဒီလိုဖြစ်လဲဆိုတာပြောပြပေးလို့ရမလားရှင်။
မာလာ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ အမျိုးသားတွေထက် အမျိုးသမီးတွေက ဆီးလမ်းကြောင်းပိုတိုပြီး ပိုးဝင်လွယ်တတ်ပါတယ်။ အမျိုးသားနဲ့အတူတူနေပြီးတိုင်းဆီးသွားပါ။ ရေများများသောက်ပေးပါ။ အတွင်းထဲအထိ ဆပ်ပြာစတာတွေနဲ့ဆေးကြောတာမျိုး မလုပ်သင့်ပါ။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိတာမျိုး၊ ပစ္စည်းတစ်ခုခုသုံးတာမျိုးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မသက်သာဘူးဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းပြသပြီး ကုသမှုခံယူပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top