Healthy Life Ad
International

ယောကျာ်းကားပါကင်ရှာနေတုန်း ဆေးရုံ အဝင်ပေါက်မှာ ကလေးမွေးချလိုက်တဲ့ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ယောကျာ်းဖြစ်သူက ဆေးရုံကားပါကင်မှာ နေရာလွတ်ရှာနေတုန်းမှာပဲ ဇနီးဖြစ်သူက ဆေးရုံအဝင်ပေါက်မှာ တစ်မိနစ်တောင်မကြာလိုက်ဘဲ ကလေးတစ်ယောက်ကို မွေးဖွားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ၊ စကန်သော့မှ ဂျက်စီကာစတက်ဘင်စ်က ဆေးရုံတံခါးဝကိုဖြတ်ပြီး လမ်းလျှောက်လာရင်း ဗိုက်ထဲက စူးကနဲတစ်ချက်အောင့်သွားခဲ့ကာ သမီးလေးလူစီကို မွေးဖွားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ဆေးရုံစီစီတီဗီကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ယောကျာ်းဖြစ်သူဘင်ကတော့ အဖြစ်အပျက် မြန်ဆန်လွန်းတာကြောင့် အလွန်အံအားသင့်ရကြောင်း ပြောပြပါတယ်။ “ကလေးက ရုတ်တရက် ထွက်ကျလာတာကြောင့် မတ်တတ်ရပ်ရင်း မွေးဖွားခဲ့ရတာ”လို့ ဂျက်စီကာကဆိုပါတယ်။ သူရဲ့အဖြစ်အပျက်က ကျော်ကြားသွားခဲ့ပြီး နာမည်ကြီးတီဗီအစီအစဉ် တစ်ခုမှာပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရကာ ဂျက်စီကာက သူရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့ကြောင်းလည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top