Healthy Life Ad
Life Style

အဆီပြန်သော အသားအရေရှိသူတို့ မိတ်ကပ်ကြာကြာခံစေမည့် နည်းလမ်းများ

၊ လရိပ်မေ ၊

အဆီပြန်တဲ့ အသားအရေရှိသူတွေက မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း၊ ခဏလေးနဲ့ မိတ်ကပ် ပျက်သွားတတ်ပါတယ်။ အဲဒီလို မဖြစ်စေဖို့ အဆီပြန်တဲ့ အသားအရေမှာ တစ်နေ့လုံး မိတ်ကပ်ကြာကြာခံ စေမယ့် လိမ်းခြယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) အဆီမပါသော Primer မိတ်ကပ် လိမ်းပါ
အဆီပြန်တဲ့ အသားအရေရှိတဲ့အခါ Primer မိတ်ကပ်ကို ပထမဆုံး လိမ်းပေးရင် မိတ်ကပ်သား ကြာကြာခံစေပါတယ်။ မျက်နှာသစ်ပြီးတာနဲ့ အဆီမပါတဲ့ Primer မိတ်ကပ်ကို အရင်ဆုံးလိမ်းပါ။ ပြီးမှ ဖောင်ဒေးရှင်းမိတ်ကပ်၊ ပေါင်ဒါနဲ့ တခြား မိတ်ကပ်တွေကို အဆင့်ဆင့် လိမ်းခြယ်ပါ။

(၂) အိုင်းခရင်မ်လိမ်းပါ
မျက်ဝန်းအောက်မှာ အရေးကြောင်းထင်တာ သက်သာလျော့ပါးစေဖို့ အိုင်းခရင်မ်လိမ်းပါ။ ကွန်ဆဲ လာထူထူ မလိမ်းပါနဲ့။ မျက်ကွင်းညိုတာ သက်သာစေပေမယ့် မျက်ဝန်းအောက်မှာ အရေးကြောင်း ထင်တတ်ပါတယ်။

(၃) ပေါင်ဒါမှုန့်ကို အလွန်အမင်းမသုံးသင့်ပါ
ပေါင်ဒါမှုန့်ရိုက်လေလေ၊ အဆီတွေ ပိုပိတ်ဆို့ လေလေ ဖြစ်တဲ့အတွက် မျက်နှာအဆီပြန်တဲ့ နေရာတွေကိုပဲ ရွေးချယ်ပြီး ပေါင်ဒါမှုန့် လိမ်းပေးပါ။

(၄) အဆီစုပ်စက္ကူ သုံးပါ
သင့်အသားအရေက အဆီပြန်လွယ်ရင် အဆီ တွေကို စုပ်ယူနိုင်ဖို့ အဆီစုပ်စက္ကူကို ဆောင်ထားပါ။ မိတ်ကပ်တွေ မပျက်အောင် မျက်နှာပေါ်မှာ အဆီစုပ်စက္ကူကို ညင်ညင် သာသာကပ်ပေးပါ။

(၅) အဆီမပါသော အမျိုးအစား ရွေးချယ်ပါ
သင့်မျက်နှာအသားအရေက အဆီတွေကို လိုတာထက် ပိုထုတ်နေရင် အဆီမပါတဲ့ မိတ်ကပ်အမျိုးအစားကို ရွေးသုံးပါ။ ဂလိုင်ကောလစ်အက်ဆစ်ပါတဲ့ မျက်နှာသစ်ဆေးနဲ့ တိုနာ (Toner) သုံးပါ။

(၆) ကြာကြာခံမည့် မျက်ဝန်းမိတ်ကပ်ရွေး သုံးပါ
ရေနဲ့ အဆီက မိတ်ကပ်ကို စွန်းထင်းပေကျံစေတဲ့အတွက် ရေစိုခံ ဒါမှမဟုတ် ကြာကြာခံတဲ့ မျက် ဝန်းမိတ်ကပ်ကို ရွေးသုံးပါ။

(၇) အိုမင်းမှုတားခရင်မ်ကို ညဘက်လိမ်းပါ
ညဘက်မှာ အိုမင်းမှုတားခရင်မ် လိမ်းသင့်ပေမယ့် နေ့ဘက်မှာ အစိုဓာတ်ထိန်းခရင်မ်ကို မမေ့ပါနဲ့။

(၈) အဆီပို လျှော့ချပါ
တစ်ပတ် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ဆိုသ လို မျက်နှာပေါင်းတင်ပေးပါ။ အဆီတွေနဲ့ အညစ်အ ကြေးတွေကို သဘာဝကျကျ စုပ်ယူနိုင်မယ့် ရွှံ့စေး (Clay) ပါ ပေါင်းတင်ဆေးနဲ့ မျက်နှာကို ပေါင်းတင်ပေးပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top