Healthy Life Ad
Life Style

ခါးနာခြင်းဆိုင်ရာ အယူအဆများ

၊ ဇွန် ၊

ခါးနာတာက ဆိုးရွားတဲ့ ဝေဒနာတစ်ရပ်ပါ။ ဘဝမှာ လူ ၁၀ ဦးအနက် ရှစ်ဦးခန့်က ခါးနာတတ်တာကြောင့် ခါးနာခြင်းနဲ့ ပတ်သက်ပြီး လူအများကြား ရှိတတ်တဲ့ အယူအဆတွေကို အမှန်သိစေဖို့ ရေးသားလိုက်ရပါတယ်။

(၁) အယူအဆ- အမြဲတမ်း မတ်မတ်ထိုင်တာက ခါးနာတာကို မဖြစ်စေဘူး။
လျှောထိုင်တာက ခါးကျန်းမာရေးအတွက် မကောင်းတာမှန်ပါတယ်။ ဒါပေမဲ့ အချိန်အတော်ကြာတဲ့အထိ မတ်မတ်ထိုင်တာကလည်း ခါးပေါ်ကို ဒဏ်သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ထိုင်ချိန် ကြာသွားပြီဆိုရင် မတ်မတ်ရပ်ပြီး ဖုန်းပြောတာမျိုး၊ လုပ်ဖော်ကိုင်ဖက်နဲ့ စကားစမြည်ပြောတာမျိုးပြောင်း လဲလုပ်ဆောင်ပေးပါ။

(၂) အယူအဆ – လေးလံတဲ့ အရာဝတ္တုတွေကို သယ်မတာက ခါးကို နာကျင်စေတယ်။
သင်သယ်မယတဲ့ပစ္စည်း ဘယ်လောက်လေးသလဲဆိုတာထက် သင်သယ်မယတဲ့ ပုံစံက ပိုအရေးကြီးပါတယ်။ သင့်အတွက် လေးလံလွန်းတဲ့ ပစ္စည်းတွေကို မယမသင့်ဘူးဆိုတာ မှန်ပါတယ်။ သယ်မတဲ့ အခါမှာလည်း ကိုယ်သယ်မလိုတဲ့ ပစ္စည်းနဲ့ နီးနိုင်သမျှ နီးအောင်အနေအထားမှန်မှန် နေရပါမယ်။ ကြမ်းပြင်ပေါ်က ပစ္စည်းကို မယချင်တယ်ဆိုရင် အဲဒီပစ္စည်းနဲ့ နီးနိုင်သမျှနီးအောင် ထိုင်ချပြီးမှ သယ်မယပေးပါ။ မတဲ့အချိန်မှာ ခန္ဓာကိုယ်ကို ကွေးတာ၊ လိမ်တာတွေ မဖြစ်ပါစေနဲ့။

(၃) အယူအဆ- အိပ်ရာထဲမှာလှဲနေတာက ခါးနာ ဝေဒနာကို သက်သာစေတယ်။
အနားယူတာက ရုတ်တရက်ဖြစ်တဲ့ ခါးနာတာနဲ့ ခါးနာစေတဲ့ ဒဏ်သက်ရောက်မှုကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ရာထဲမှာချည်း လှဲနေရင်တော့ တစ်ရက်၊နှစ်ရက်နေရင် ခါးနာတဲ့ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

(၄) အယူအဆ – ခါးနာတာက ထိခိုက်ဒဏ်ရာ ရ တာတစ်ခုတည်းကြောင့် ဖြစ်ရတာပါ။
ထိခိုက်ဒဏ်ရာရတာ၊ တချို့ရောဂါတွေရဲ့ နောက်ဆက်တွဲဝေဒနာဖြစ်တာ၊ ကူးစက်ပိုးဝင်တာနဲ့ မျိုးရိုးဗီဇဆိုင်ရာအခြေအနေတွေကြောင့် ခါးနာတတ်ပါတယ်။

(၅) အယူအဆ- ကိုယ်အလေးချိန် ရှိသင့်တာထက် ပိုများတဲ့သူတွေက ခါးနာဝေဒနာကို ပိုမိုခံစားရတတ် ပါတယ်။
မှန်ပါတယ်။ ကိုယ်အလေးချိန်ကို ပုံမှန်ရှိနေအောင် ထိန်းထားပေးနိုင်တာက ခါးနာတာကို မဖြစ် အောင်ကာကွယ်ပေးနိုင်ပါတယ်။ ခါးနာတာက ကိုယ်အလေးချိန်များသူနဲ့ အထိုင်များသူတွေမှာ ပိုအဖြစ် များတတ်ပါတယ်။

(၆) အယူအဆ- လေ့ကျင့်ခန်းလုပ်တာက ခါးနာ နေသူကို ပိုဆိုးစေပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ခါးနာဝေဒနာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ခဏတာ ခါးနာတဲ့ဝေဒနာ ခံစားရသူတွေမှာလည်း လေ့ကျင့်ခန်းလုပ်တာကြောင့် ဝေဒနာသက်သာနိုင်ပါတယ်။ လေ့ကျင့်ခန်းကို စလုပ်ချိန်မှာတော့ ဖြည်းဖြည်းချင်းပဲ စသင့်ပါတယ်။

(Ref; Mayoclinic)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top