Healthy Life Ad
Health Tips

မိုးတွင်းကာလ ကူးစက်ရောဂါများကင်းပြီး ကျန်းမာနေစေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးတွင်းကာလမှာ ကူးစက်ရောဂါတွေအဖြစ်များပါတယ်။ အဲဒီလို ကူးစက်ရောဂါတွေကြောင့် နာမကျန်းမှု ကင်းဝေးစေဖို့ သင်တို့တစ်မိသားစုလုံး လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံပြုလိုပါတယ်။

လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကိုစားပါ။ အမှည့်လွန်သစ်သီးတွေ မစားပါနဲ့။ သစ်သီးတွေနဲ့ အစိမ်းလိုက်စားတဲ့ ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါ သေချာဆေးကြောပြီး စားပါ။

ယင်နားစာတွေကို ရှောင်ပါ၊ အစာကို ဖြစ်နိုင်ရင် လတ်ဆတ်သန့်ရှင်းတဲ့အစာကို ရွေးစားပါ။

ရေသန့် ဒါမှမဟုတ် ကျိုထားတဲ့ရေကို သောက်ပါ။

လက်ကို အစာမစားခင်၊ အိမ်သာတက်အပြီးတွေမှာ သေချာဆေးကြောပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားပါ။

အဝတ်တွေကို သေချာခြောက်သွေ့အောင်လှမ်းပါ၊ မီးပူတိုက်ပြီး ဝတ်ပါ။

မိုးရေစိုနေတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲပါ။ နွေးထွေးတဲ့ အဝတ်တွေ ဝတ်ဆင်ပါ။

ခြင်အကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပြီး အိပ်တဲ့အခါ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်ပါ။

အိပ်ရေးဝ၀ အိပ်စက်အနားယူပါ။ ဖြစ်နိုင်ရင် တစ်ညကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top