Healthy Life Ad
International

ဗြိတိန်နိုင်ငံ၏ ပထမဆုံး လက်နှစ်ဖက် အစားထိုးကုသသူ

မိုးမင်းထွန်း

အသက် ၅၇ နှစ်အရွယ် ခရစ်စ်ကင်းဟာလွန်ခဲ့ တဲ့ ၃ နှစ်က သံဖြတ်စက်ထဲ မတော်တဆလက်ညပ်တာကြောင့် လက်မတွေကလွဲပြီး လက်နှစ်ဖက်ဆုံးရှုံး သွားခဲ့ပါတယ်။
အခုကင်းက ဗြိတိန်ဆေးရုံတစ်ရုံမှာ လက်နှစ်ဖက်အစားထိုးကုသမှုခံယူခဲ့ပါတယ်။ ခွဲစိတ်မှုပြီးနောက် လူပျိုကြီးကင်းက လက်နှစ်ဖက်မှာ အာရုံခံစားရကြောင်းနဲ့ လှုပ်ရှားမှုတချို့ လုပ်ဆောင်လာနိုင်ကြောင်း ဆိုပါတယ်။

ကင်းက သူအလုပ်ချင်ဆုံးဆန္ဒဖြစ်တဲ့ စက်ဘီးစီးတာကို မကြာခင်မှာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ ဗြိတိန်ရဲ့ပထမဆုံး လက်တစ်ဖက် အစားထိုးကုသမှုပြုလုပ်ပေးခဲ့တဲ့ ဒေါက်တာမာ့ခ် ကာဟေးကလည်း အစားထိုးမှုလုပ်ဆောင်ဖို့ သူ့ကို အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ပလတ်စတစ်ခွဲစိတ် ဆရာဝန် ပါမောက္ခဆိုင်မွန်ကေးဦးဆောင်တဲ့အဖွဲ့ဟာ ကင်းရဲ့ခွဲစိတ်မှုကိုပြုလုပ်ပေးခဲ့ပြီး သူတို့အဖွဲ့က ဒီလိုခွဲစိတ်မှုမျိုး တစ်နှစ် ၂ ကြိမ်ကနေ ၄ကြိမ်အထိပြု လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

လောလောဆယ် နောက်ထပ်လူနာ ၄ ယောက်က စာရင်းပေးထားကြောင်း သိရပါတယ်။ အမည် မဖော်ပြလိုတဲ့ လက်နှစ်ဖက်အလှူရှင်ရဲ့ မိသားစုကလည်း အစားထိုးကုသမှုအောင်မြင်တာကို ဝမ်းသာကြောင်းထုတ်ပြန်ပါတယ်။ ကင်းက အလှူရှင်မိသားစုကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လူ့လောကမှာ ကျန်ရစ်ခဲ့သူတွေအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ လှူဒါန်းလိုသူတွေများများ ပေါ်ပေါက်ဖို့ လိုအပ်လှကြောင်း ဆိုခဲ့ပါတယ်။
Ref; ID

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top