Healthy Life Ad
Life Style

စင်ရော်တောင် မျက်ခုံး ပုံဖော်ရအောင် . . .

၊ လရိပ်မေ ၊

စင်ရော်တောင်မျက်ခုံးလေးနဲ့ အများကြား ထင်ပေါ်ကြည့်ကောင်းနေစေဖို့ ဘယ်လိုပြုပြင်ရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။


ပထမအဆင့် – မျက်ခုံးက ဘယ်နေရာမှာ ကွေးညွတ်ပြီး ထောင့်ကျသွားတယ်ဆိုတာသိရဖို့ မျက်ခုံးရဲ့ အမြင့်ဆုံးနေရာကို ရှာလိုက်ပါ။ အဲဒီအမြင့်ဆုံးနေရာက မျက်ခုံးအကွေးနေရာပါပဲ။


ဒုတိယအဆင့် – မျက်ခုံးအကွေးအောက်ဘက်နဲ့ အပေါ်ဘက်က မျက်ခုံးမွေးတွေကို ပုံပေါ်တဲ့အထိ ဇာဂနာနဲ့ အနည်းငယ်နုတ်ပေးပါ။ သိပ်အများကြီး မနုတ်ဘဲ အနည်းငယ်ပုံပေါ်တဲ့အထိ နုတ်ပေးဖို့လိုပါတယ်။


တတိယအဆင့် – မျက်ခုံးကို အရောင်တင်တဲ့အခါ မျက်ခုံးမွေးပုံစံအနေအထားအတိုင်း မျက်ခုံးမွေးဆွဲ ခဲတံနဲ့ တစ်ချက်တည်း ဆွဲလိုက်ပါ။ အဲဒီနောက် မျက်ခုံးမွေးအရောင်ထင်းတာ ပိုကြာကြာခံစေဖို့ ထပ်မံဖြည့်ဆွဲလိုက်ပါ။ တကယ်လို့ မျက်ခုံးက သဘာဝမကျဘဲ ထင်းလွန်းသွားရင် ပေါင်ဒါမှုန့် ခပ်ပါးပါးလေးတို့ပေးလိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top