Healthy Life Ad
International

ကင်ဆာကုထုံးအသစ်က သတို့သားအသစ် စက်စက်၏ အသက်ကိုကယ်တင်

၊ မိုးမင်းထွန်း ၊

မိုက်ဘရန်ဒန်မှာ သွေးကင်ဆာရောဂါရှိနေကြောင်း တွေ့ရှိခဲ့ချိန် ၂၀၁၄ခုနှစ်က သူရဲ့ ဇနီးဖြစ်လာမယ့် ကိတ်ကို လက်ထပ်ခွင့်တောင်းပြီးတစ်လအကြာပဲ ရှိပါသေးတယ်။

ရိုးတွင်းခြင်ဆီအစားထိုးမှုခံယူပြီးနောက် ရောဂါသက်သာခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်က ရောဂါပြန်ပေါ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့ သွေးကင်ဆာကြောင့် ဗြိတိန်ဆရာဝန်တွေလက် လျှော့ခဲ့ရပြီး နောက်ဆုံးနေ့ရက်တွေအတွက် ပြင်ဆင်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဇနီးဖြစ်သူ ကိတ်က လက်လျှော့ဖို့ ငြင်းဆန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်ဆဲအဆင့်သာရှိသေးတဲ့ တီဆဲလ်ကုထုံး (CAR T-Cell) ခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကုထုံးက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်အောင် ခန္ဓာကိုယ်ထဲမှတီဆဲလ်တွေကို ပြုပြင်ပေးတာဖြစ်ပါတယ်။

ကိတ်က အမေရိကကို သွားရောက်ကုသစရိတ် အမေရိကန်ဒေါ်လာ ၆၀ဝ၀ဝ၀ကို အလှူခံနိုင်ခဲ့ပါတယ်။ စမ်းသပ်ကုထုံးက လွယ်လွယ်ကူကူမဖြစ်ခဲ့ဘဲ မိုက်မှာ ဘေးထွက်ဆိုး ကျိုးများစွာခံစားခဲ့ရပါတယ်။ အဆုတ်အအေးမိရောဂါဖြစ်ခဲ့ပြီး ရိုးတွင်းခြင်ဆီအစားထိုးမှု အကြိမ် ၂၀ ပြုလုပ်ခဲ့ရပါတယ်။ ပင်မဆဲလ်ထိုးသွင်းမှု အကြိမ်ဒါဇင်ဝက် ပြုလုပ်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ ကုသမှုက ထိုက်တန်ကြောင်း တဖြည်းဖြည်းပြသလာခဲ့ပါတယ်။

ကုထုံးမပြုလုပ်ခင်က မိုက်ရဲ့ ရိုးတွင်းခြင်ဆီ တွေမှာ ကင်ဆာဆဲလ်တွေနဲ့ပြည့်နှက်နေပေမယ့် ကုထုံးပြုလုပ်ပြီး ၂၈ ရက်အကြာမှာ လုံးဝမတွေ့ခဲ့ရတော့ပါဘူး။ “ရင်ထဲက အလုံးကြီး ကျသွားတာပါပဲ”လို့ ကိတ်ကပြောပါတယ်။ သူတို့က ရောဂါပျောက်ကင်းဖို့ နောက်ထပ် စမ်း သပ်ကုသမှုတွေ လိုအပ်ဦးမယ်လို့ ကိတ်ကရှင်းပြပါတယ်။

(Ref; NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top