Healthy Life Ad
Health Tips

ဓာတ်ပုံထဲတွင် အံ့သြစရာကောင်းလှအောင် ကြည့်ကောင်းနေစေမည့် မိတ်ကပ်လိမ်းခြယ်နည်းများ

၊ ငွေကြယ်စင်ယံ ၊

အရင်ဆုံး အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ၊ ဒါမှသာ အသားအရေက လန်းဆန်းချောမွေ့နေမှာ ဖြစ်ပါတယ်။ ပြီးရင် Primer ခရင်မ်လိမ်းပါ။ အရေးကြောင်းပါးပါးနဲ့ အရေးကြောင်းနက်နက်ထင်တာကို လျော့ပါးစေပါတယ်။ ဒါ့အပြင် မိတ်ကပ်ကိုကြာကြာ ခံစေပါတယ်။ ဓာတ်ပုံထဲမှာ နွမ်းနယ်မှုကင်းစင်ပြီး လန်းဆန်းကြည့်ကောင်းနေအောင် ပြုလုပ်နိုင်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းတွေကို အကြံပြုလိုက်ပါတယ်။

– နေကာခရင်မ်ကို ရှောင်ပါ
SPF ပါတဲ့ နေကာခရင်မ်ကို မလိမ်းပါနဲ့။ SPF က ဓာတ်ပုံထဲမှာ အလင်းပြန်သလိုဖြစ်စေပြီး ကြည်လင်တောက်ပြောင်မှု ကင်းစေပါတယ်။

– ဖောင်ဒေးရှင်းခရင်မ်ကို လိုက်ဖက်ညီစွာ လိမ်းပါ
သင့်မျက်နှာ၊ လည်ပင်းနဲ့ လိုက်ဖက်ညီတဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို ရွေးချယ်လိမ်းပါ။ လည်ပင်းက သင့်မျက်နှာထက် အနည်းငယ်ပိုမည်းနေရင် ပိုမည်းတဲ့ အသားအရေနဲ့ လိုက်ဖက်ညီတဲ့ဖောင်ဒေးရှင်းခရင်မ်ကို လိမ်းပါ။ ဒါမှသာ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

– ပေါင်ဒါမှုန့် လိမ်းပါ
မိတ်ကပ်က မျက်နှာနဲ့ လည်ပင်းအသားအရေမှာ တစ်သားတည်း ညီညာနေစေဖို့ ပေါင်ဒါမှုန့် (Translucent Powder) ကို လိမ်းသင့်ပါတယ်။ မျက်နှာ T-zone တစ်ဝိုက် အဆီပြန်တတ်တဲ့အတွက် ပေါင်ဒါမှုန့် သေချာလိမ်းပါ။ ဒါမှသာ ကင်မရာထဲမှာ အဆင်ပြေကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

– မျက်ကွင်းညိုခြင်းကို ဖုံးအုပ်ရန် မမေ့သင့်ပါ
Flash ဖွင့်ပြီး ဓာတ်ပုံရိုက်တဲ့အခါ မျက်ကွင်းညိုတာကို သိသာထင်ရှားစေပါတယ်။ ဒါကြောင့် မျက်ဝန်းအောက်မှာ ညိုမည်းတာကို အသားအရေထက်ပိုလင်းတဲ့ ကွန်ဆဲလ်လာ လိမ်းပေးသင့်ပါတယ်။ ကွန်ဆဲလ်လာက လင်းလွန်းရင် ဖောင်ဒေးရှင်းခရင်မ် နဲ့ကွန်ဆဲလ်လာကိုရောပြီး မျက်ဝန်းအောက်မှာ လိမ်းသင့်ပါတယ်။

– မျက်ခုံးကို ဖြည့်ဆွဲပါ
မျက်ခုံးကို ဖြည့်ဆွဲတာက သင့်ကို ပိုပြီး နုပျိုကြည့်ကောင်းစေပါတယ်။ ဓာတ်ပုံမရိုက်ခင် မျက်ခုံးကို အမြဲ ဖြည့်ဆွဲသင့်ပါတယ်။

– မိတ်ကပ်ကို မျှတစွာ ပေါင်းစပ်လိမ်းပါ
ပါးနီ၊ ဖောင်ဒေးရှင်းမိတ်ကပ်နဲ့ ပေါင်ဒါတွေကို ပေါင်းစပ်လိမ်းတာကြောင့် မျက်နှာအသားအရေကို တောက်ပြောင်မှု လျော့ကျသွားပါလိမ့်မယ်။ အပြောင်အလက်ပါတဲ့ မိတ်ကပ်တွေသုံးရင် ဓာတ်ပုံရိုက်တဲ့အခါ သင့်မျက်နှာက အဆီပြန်နေပါလိမ့်မယ်။

– မျက်တောင်တု သုံးပါ
ဓာတ်ပုံထဲမှာ မျက်ဝန်းကြည်လင်တောက်ပလှပနေစေဖို့ မျက်တောင်တု ခပ်ပါးပါးသုံးပါ။ ပင်ကိုမျက်တောင်က ဓာတ်ပုံထဲမှာ ပေါ်လွင်မှု မရှိတတ်ပါဘူး။ မျက်တောင်တုကပ်ပြီး မက်စ်ကာရာ ခပ်ထူထူလိမ်းပါ။

– သဘာဝအရောင် နှုတ်ခမ်းဆိုးဆေးရှောင်ပါ
ဓာတ်ပုံထဲမှာ သဘာဝကျကျ ကြည့်ကောင်းချင်တယ်ဆိုရင် သဘာဝအရောင် နှုတ်ခမ်းဆိုးဆေးထက် ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းဆိုးဆေး ဆိုးသင့်ပါတယ်။ ဒါမှသာ ဓာတ်ပုံထဲမှာ ပိုမိုလန်းဆန်းချစ်စဖွယ် ကောင်းနေမှာ ဖြစ်ပါတယ်။

– ဆယ်လ်ဖီ ရိုက်ပါ
အိမ်က မထွက်ခွာခင် Flash သုံးပြီး ဆယ်လ်ဖီ (Selfie) ဓာတ်ပုံရိုက်ပါ။ ဒါမှသာ သင်လိမ်းထားတဲ့ မိတ်ကပ်က ကင်မရာထဲ အဆင်ပြေမှု ရှိ၊ မရှိ သိရှိနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top