Healthy Life Ad
International

လက်မစုပ်တတ်သူများနှင့်လက်သည်းကိုက်တတ်သူများဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်း

မိုးမင်းထွန်း (Ref;BBC)

လက်မစုပ်တတ်တဲ့ကလေးနဲ့ လက်သည်းကိုက်တတ်တဲ့ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ရောဂါပိုးမွှားတချို့နဲ့ထိတွေ့မှုရှိတာက ခန္ဓာကိုယ်ခုခံအားစနစ်ကို သန်စွမ်းစေတာကြောင့် ဖြစ်နိုင်တယ်လို့သုတေသီတွေက မှန်းဆကြပါတယ်။

နယူးဇီလန်မှ အသက် ၅ နှစ်အရွယ်ကနေ၃၂နှစ်အထိလူတစ်ထောင်ကို စစ်တမ်းကောက်ယူချက်အရ လက်မစုပ်၊ လက်သည်းကိုက်တဲ့ အကျင့်က ဓာတ်မတည့်မှုတချို့ ကာကွယ်ပေးတာကိုတွေ့ခဲ့ရပါတယ်။ ရင်ကျပ်၊ ပန်းဝတ်မှုန်နဲ့မတည့်တဲ့ရောဂါတို့ကိုတော့ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ အသက် ၅ နှစ်၊ ၇နှစ်၊ ၉နှစ်နဲ့ ၁၁နှစ်အရွယ်မှာဒီအကျင့်ရှိတဲ့ သူတွေကို မှတ်တမ်းတင်ထားပြီးအသက် ၁၃နှစ်နဲ့ ၃၂ အရွယ်တွေမှာ ဓာတ်မတည့်မှုရှိ၊ မရှိစမ်းသပ်ခဲ့ကြ ပါတယ်။

ဒီကလေးတွေက အသက်၁၃နှစ်အရွယ်မှာဓာတ်မတည့်မှုလျော့နည်းတာကိုတွေ့ရှိခဲ့ပါတယ်။ဖုန်မှုန့်၊ အိမ်မွေးကြောင်၊ ခွေးတို့နဲ့ဓာတ်မတည့်ဖြစ်မှုတွေဟာ ဒီအကျင့်မရှိသူတွေနဲ့ နှိုင်းယှဉ်ရင်အကျင့်ရှိသူတွေက ၃ဆ ဖြစ်နှုန်းနည်းတာကိုတွေ့ရှိရပါတယ်။ ဒီကာကွယ်မှုက သက်ကြီးတဲဲ့အရွယ်အထိ တာရှည်ခံတာကိုလည်း တွေ့ရှိခဲ့ပါတယ။်

လေ့လာမှုက အကျင့်အဆိုးတြွေပုလုပ်ဖို့ တွန်းအားပေးတာမဟုတ်ပေမယ့် ဒီလိုအလေ့အကျင့်တွေမှာလည်း ကောင်းကွက်တချို့ရှိတာကို ပြဆိုလိုတာဖြစ်ပါတယ်လို့ သုတေသီတွေက ပြောဆိုခဲ့ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top