Healthy Life Ad
Child

ကလေးသူငယ်များတွင် အဖြစ်များသည့်ထိခိုက်ရှနာအတွက် ရှေးဦးပြုစုခြင်း

ဦးအုန်းသွင် (သင်တန်းအရာရှိ၊ ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း)

ထိခိုက်ရှနာပြုစုရာမှာ ဖြစ်ပေါ်တဲ့ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပါတယ်။ ဥပမာ ချော်လဲသွားလို့ပွန်းသွားတာနဲ့ တစ်ခုခုနဲ့ ပြတ်ရှလို့ ထိမိတာမှာ သွေးထွက်တာချင်း မတူပါဘူး။ ပွန်းပဲ့သွားတဲ့ ဒဏ်ရာဆိုရင် ရှေးဦးပြုစုလို့ရပါတယ်။

ပွန်းပဲ့ဒဏ်ရာအား ရှေးဦးပြုစုခြင်း

ကျောင်းတွေမှာ ကလေးတွေ ဆော့ကစားရင်းမတော်တဆ ချော်လဲရာက ပွန်းပဲ့သွားတယ်ဆိုရင်ရှိတဲ့ ရေနဲ့ အရင်ဆုံး ဆေးကြောရပါမယ်။ ပြီးရင်ဆေးထည့်ရပါမယ်။
– ချော်လဲတဲ့သူရဲ့ ဒဏ်ရာကို မကိုင်ခင် အရင်ဆုံးပြုစုပေးမယ့်သူရဲ့လက်က သန့်ရှင်းဖို့ လိုပါတယ်။ လက်အိတ်ရှိရင် လက်အိတ်ဝတ်ပါ၊ လက်အိတ်မရှိရင်လက်ကို အရင်ဆုံး ဆပ်ပြာနဲ့ ရေသုံးပြီး စင်ကြယ်အောင် ဆေးကြောပေးပါ။
– ပြီးရင် ပွန်းပဲ့တဲ့ဒဏ်ရာ ပတ်ဝန်းကျင်မှာရှိတဲ့ အညစ်အကြေးတွေ အားလုံးကို သန့်စင်အောင် ရေနဲ့ ဆေးကြောပေးရပါမယ်။
– အဲဒီနောက် ဆေးထည့်ပိတ်ပါးစ(Gauze)တင်ပြီးဆေးထည့်ပေးရပါမယ်၊ ပြီးရင် ပတ်တီးစည်းပေးရပါမယ်။

ပြတ်ရှဒဏ်ရာအား ရှေးဦးပြုစုခြင်း

– ပြတ်ရှဒဏ်ရာဖြစ်ပေါ်ရင် ပြုစုပေးမယ့်သူကလကအိတ်စွပ်ပြီး ဒဏ်ရာထဲစိုက်နေတဲ့အရာ ရှိ၊ မရှိ ကြည့်ပါ။
– သွေးထွက်နေတဲ့အတွက် လုပ်ရမယ့် အဓိကအရာက ဒဏ်ရာပေါ်ကို ဆေးထည့်ပိတ်ပါးစတင်ပြီးတိုက်ရိုက်ဖိအားပေးပါ။ လက်မှာ ဓားရှတဲ့အခါပေစရာ ဘာမှမရှိတဲ့အတွက် ရေမဆေးဘဲနဲ့ အရင်ဆုံး သွေးတိတ်အောင် လုပ်ဖို့ အရေးကြီးပါတယ်။
– ဒဏ်ရာရတဲ့ အစိတ်အပိုင်းကို မြှင့်ထားရပါမယ်။
– ချုပ်ရမယ့် ဒဏ်ရာဖြစ်တဲ့အတွက် သွေးတိတ်အောင်လုပ်ပြီး ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပြရပါမယ်။
– ဒဏ်ရာထဲ စိုက်ဝင်နေတဲ့ အရာတွေ ရှိရင် တိုက်ရိုက်ဖိနှိပ်တာ မလုပ်ရပါဘူး၊ ဆွဲမနှုတ်ရပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top