Healthy Life Ad
International

အကူအညီမပါဘဲ စမ်းချောင်းထဲတွင် ကလေးမွေးသည့် ဗွီဒီယို ကြည့်ရှူသည့် အကြိမ် ၅၂ သန်းရှိ

၊ မိုးမင်းထွန်း ၊

အသက် ၄၃ နှစ်အရွယ် ကလေးလေးယောက်မိခင် ဆိုင်မွန်ဘာသာက စမ်းချောင်းတည်းမှာ တစ်ယောက်တည်း ကလေးမွေးဖွားခဲ့ပုံဗွီဒီယိုကို YouTube မှာတင်ခဲ့ပြီးနောက် သူက ဆက်ဆော့တတ်တဲ့မိခင် တစ်ယောက်မဟုတ်ကြောင်းနဲ့ သူရဲ့အံ့သြစရာအတွေ့အကြုံကို လူတွေဆီ ဝေမျှရုံပါပဲလို့ ပြောကြားလိုက်ပါတယ်။

အခု အသက် ၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ အငယ်ဆုံး သမီးလေး ပီရောက်ကို မွေးဖွားခဲ့ပုံဗွီဒီယိုဟာကြည့်ရှုသည့် အကြိမ်ပေါင်း ၅၂ သန်းရှိခဲ့ပြီး နာမည်ကြီးသွားခဲ့ပါတယ်။ မွေးဖွားချိန်မှာ ဆိုင်မွန်ကဆရာဝန်၊ သားဖွားဆရာမတို့ရဲ့အကူအညီ မယူခဲ့ရုံသာမက အကိုက်အခဲပျောက်ဆေးတွေကိုလည်း မှီဝဲခဲ့ခြင်းမရှိပါဘူး။

ဆိုင်မွန်ရဲ့မိဘတွေဟာ ပါပူအာနယူးဂီနီသို့ သွားရောက်ခဲ့တဲ့ ခရစ်ယာန်သူနာပြုတွေဖြစ်ပါတယ်။ ငယ်ဘဝတုန်းက သူမိခင်က နယူးဂီနီမှ အမျိုးသမီးတွေရဲ့ကလေးမွေးဖွားပုံတွေကို အမြဲပြောပြခဲ့ပါတယ်။ အဲဒီက အမျိုးသမီးတွေက ကလေးမွေးဖွားခါနီးမှာ နေရာကောင်းတစ်ခုကို ရှာဖွေပြီး တစ်ယောက်တည်း ကလေးမွေး၊ နို့တိုက်၊ကလေးကို အနှီးနဲ့သေချာထုပ်၊ နောက်ကျောမှာလွယ်ပြီး လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့အကြောင်းတွေဟာ သူကိုလွှမ်းမိုးခဲ့ကြောင်း ဆိုင်မွန်ကပြောပါတယ်။

ပထမသမီး ၃ယောက်မွေးဖွားခဲ့ပြီးနောက် အငယ်ဆုံးသမီးလေးကို ရှေးခေတ်အမျိုးသမီးတွေအတိုင်းမွေးဖွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူရဲ့ခင်ပွန်းကလည်း သဘောတူတာကြောင့် သူတို့က သြစတြေးလျနိ်ုင်ငံ မိုးသစ်တောထဲမှာ နေရာကောင်းတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။ တောထဲက စမ်းချောင်းလေး တစ်ခုကို ရွေးချယ်ခဲ့ကြပြီး ဆိုင်မွန်က အဲ့ဒီနေရာမှာ တစ်ကိုယ်တော်ကလေးမွေးဖွားခဲ့ကာ ခင်ပွန်းနဲ့မိတ်ဆွေတစ်ယောက်တို့က ဗွီဒီယိုမှတ်တမ်းတင်ပေးခဲ့ကြပါတယ်။

ကလေးရဲ့ခေါင်းက ရှောရှောရှူရှူထွက်လာခဲ့ပေမယ့် ကျန်ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဆွဲထုတ်ရာမှာ အခက်အခဲရှိနေတာကြောင့် ခင်ပွန်းဖြစ်သူက ကူညီဆွဲထုတ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူတို့ဟာ သဘာဝနည်းအတိုင်း ကလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတော့တယ်။

ကလေးမွေးဖွားရာမှာ ဆရာဝန်သားဖွား ဆရာမစတဲ့ ကျွမ်းကျင်သူတွေနဲ့ မွေးဖွားစေလိုကြောင်းနဲ့ ကလေးယူဖို့ကြောက်ရွံ့နေတဲ့ အမျိုးသမီးတွေကိုသာ သူ့အဖြစ်အပျက်က ကလေးယူဖို့ တွန်းအားဖြစ်ဖို့ရည်ရွယ်ကြောင်း ဆိုင်မွန်က ပြောကြားလိုက်ပါတယ်။

(Ref; TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top