Healthy Life Ad
Q & A

သွားနုတ်ပြီးချိန် ခံစားရတဲ့ ဝေဒနာ . . .

မေး။ ။ သွားနုတ်ပြီး နာကျင်တဲ့ ဝေဒနာက ဘယ်လောက်ကြာရင် သက်သာနိုင်ပါသလဲ ဆရာ။
ကိုထွေး၊ မရမ်းကုန်းမြို့နယ်။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သွားနုတ်လိုက်တယ်ဆိုရင် ပုံမှန်ကတော့ နောက်ဆက်တွဲ ဆိုးကျိုးဘာမှ မဖြစ်တတ်ပါဘူး။ သွားနုတ်ပြီး နာကျင်မယ့် အချိန်က ထုံဆေးပြယ်တဲ့အချိန်ပါပဲ။ ထိမိခိုက်မိလို့ နာသလိုပဲ သွားနုတ်တယ်ဆိုတာကလည်း ထိမိခိုက်မိတဲ့ သဘောတရားဖြစ်တဲ့ အတွက် ပုံမှန်နာတာပါပဲ။ အနာမရှိတာကိုအနာဖြစ်အောင် လုပ်လိုက်တာနဲ့ တူတဲ့အတွက် ထုံဆေးပြယ်တာနဲ့စပြီး နာတတ်ပါတယ်။ နာပြီဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပေးတဲ့အခါ များသောအားဖြင့် သက်သာသွားပါတယ်။ ၂၄ နာရီတိတိကတော့ အများအားဖြင့် နာတတ်ပါတယ်။ ၂၄ နာရီကျော်သွားရင် နာတာက လျော့သွားပါလိမ့်မယ်။ ၂၄ နာရီကျော်ပြီးမှ နာနေတယ် ဒါမှမဟုတ် တစ်ပတ်ကြာပြီးမှ၊ ၁၀ ရက်ကြာပြီးမှ နာတယ်ဆိုရင် ပုံမှန်မဟုတ်ပါဘူး။ သွားနုတ်ထားတဲ့ နေရာမှာ အနာမကျက်ဘူး၊ အရိုးရောင်နေတယ်စတဲ့ အကြောင်းရင်းတွေကြောင့် နာတတ်ပါတယ်။ အဲဒီလိုဝေဒနာမျိုးတွေကျတော့ ပေါ့ပေါ့တန်တန်မနေဘဲ သွားဆရာဝန်နဲ့ပြဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top