Healthy Life Ad
International

အမျိုးသားများတွင် အမျိုးသမီးများ အကြိုက်ဆုံးအချက်

၊ မိုးမင်းထွန်း ၊

သုတေသနရလဒ်အသစ်အရ အမျိုးသားတွေမှာ အမျိုးသမီးတွေအကြိုက်ဆုံးအချက် တစ်ခုဟာ တကယ်အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ အားကစားခန်းမမှာ ဝမ်းဗိုက်ခြောက်မြောင်းရအောင်ကြိုးစားတာ၊ ရည်းစားနဲ့မတွေ့ခင်မှန်ပေါက်မတတ် တသသအလှပြင်တာတွေကို မေ့ထားလိုက်ပါ။ အမျိုးသမီးတွေက အမျိုးသားရုပ်ချောတာ၊မချောတာအပေါ် တကယ်အလေးမထားကြဘူးလို့သုတေသနက ဆိုပါတယ်။

အိမ်ခြေယာမဲ့တစ်ယောက်ကို မုန့်ဝယ်ကျွေးတာ၊ ရေနစ်နေတဲ့ကလေးတစ်ယောက်ကို ကယ်ဆယ်တာတို့ကသာ အလုပ်ဖြစ်စေပါတယ်။ အမျိုးသမီးတစ်ယောက် တကယ်အလိုရှိတာက သဘောကောင်း၊ဂရုစိုတ်တတ်တဲ့ ယောကျာ်းတစ်ယောက်ပါလို့သုတေသီတွေက ပြောကြားပါတယ်။

ရည်းစား တစ်ယောက် ရွေးချယ်တော့မယ်ဆိုရင် အမျိုးသမီးတွေကြည့်တဲ့အဓိကအချက်ကကိုယ်ချင်း စာနာတတ်တဲ့စိတ်ရှိသူ ဖြစ်ပြီး ရုပ်ချောစိတ်ပုပ်သူတွေ မဟုတ်ဘူးလို့ ဆိုပါတယ်။ ရုပ်မချောတဲ့ အမျိုးသားတွေတောင် တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့တဲ့အပြုအမူတွေပြသတာက ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။

စော်ကြည်ချင်တွေအဖို့ လူမှုရေးအသင်းအဖွဲ့တွေမှာပါဝင်ဆောင်ရွက်တာ၊ လမ်းဖြတ်ကူးတဲ့ သက်ကြီးရွယ်အိုတွေကို ကူညီတာတွေက အထောက်အကူဖြစ်စေမယ်လို့ သိရပါတယ်။ လေ့လာမှုက ရေရှည်လက်တွဲဖော်ရှာဖွေရာမှာ တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့ပြီး ကိုယ်ချင်းစာနာတတ်တဲ့ ယောကျာ်းတွေကိုသာ အမျိုးသမီးတွေက ရွေးချယ်လေ့ရှိကြောင်းပြဆိုခဲ့ပါတယ်။

(Ref; Ds)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top