Healthy Life Ad
Health Tips

လေဖြတ်ထားသော အမျိုးသားတို့ တစ်ဦးတည်းနေထိုင်ပါက အရွယ်မတိုင်မီ သေဆုံးနိုင်ခြေပိုများ

——–၊ ကိုထက် ၊——–

တစ်ဦးတည်းနေထိုင်တဲ့ လေဖြတ်ထားသူ အမျိုးသားတွေက တခြားလူနာတွေထက် လူ့သက်တမ်းမစေ့ခင် သေဆုံးနိုင်ခြေ သိသိသာသာ ပိုများကြောင်း ဆွီဒင်အနောက်ပိုင်းရှိ လေဖြတ်လူနာ ၁၀၉၀ ဦးအား လေ့လာမှုအရ သိရပါတယ်။

“တစ်ဦးတည်း နေထိုင်သူတွေဟာ ကျန်းမာတဲ့ဘဝမှာ နေထိုင်နှုန်းနည်းပြီး ဆေးဝါးမှီဝဲမှုကလည်း နည်းပါတယ်။ ပြီးတော့ ဆေးကုသမှုအတွက် အချိန်ဆွဲနေလေ့ရှိပါတယ်”လို့ ဂိုသန်ဘာ့ဂ်တက္ကသိုလ်၊ ဆယ်ဂရင်စကာအကယ်ဒမီမှ လေ့လာသူပီထရာက ပြောပါတယ်။

လေ့လာမှုစစ်တမ်းအရ တစ်ဦးတည်းနေထိုင်သူ အမျိုးသားတွေဟာ စောစီးစွာသေဆုံးနှုန်း မြင့်မားမှုရှိကြောင်း သိရှိရပါတယ်။ လေ့လာမှုအရ ဘဝအဖော်နဲ့ နေထိုင်သူ အမျိုးသား ၁၇ ရာခိုင်နှုန်းကသာ လေဖြတ်ပြီး သေဆုံးပေမယ့်လည်း တစ်ဦးတည်းနေထိုင်သူ အမျိုးသား လူနာ ၃၆ ရာခိုင်နှုန်းမှာ သေဆုံးမှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်ခြင်း၊ အရက်များများသောက်ခြင်း၊ ပညာအဆင့်အတန်းနိမ့်ကျခြင်းနဲ့ တခြားလူသိများတဲ့ အန္တရာယ်ရှိတဲ့ အချက်အလက်တွေကို တွက်ချက်ပြီးနောက် တစ်ဦးတည်းနေထိုင်သူ အမျိုးသားတွေက အရွယ်မတိုင်မီ သေဆုံးနှုန်း ပိုမိုမြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

လေဖြတ်တဲ့လူနာတွေက မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်း၊ တွေးခေါ်မြော်မြင်နိုင်စွမ်း စတာတွေ သိသိသာသာ လျော့ကျမှုရှိကြောင်း ခုနစ်နှစ်တာ လေ့လာမှုအရ တွေ့ရှိခဲ့ရပါတယ်။

(Ref;zeenews)

Most Popular

Healthy Life Ad
To Top