Healthy Life Ad
Life Style

အူမကြီးကင်ဆာ အသံတိတ်လက္ခဏာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အမေရိကန်မှာ လူတစ်သိန်းလေးသောင်းနီးပါးဟာ အူမကြီးကင်ဆာ ခံစားနေရပါတယ်။ စအိုကနေ သွေးထွက်တာက အူမကြီးကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာဖြစ်ပြီး တခြား လက္ခဏာတွေကိုလည်း တွေ့ရတတ်ပါတယ်။ အောက်ပါလက္ခဏာတွေကို သတိပြုမိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

– သွေးအားနည်းနေခြင်း
သွေးအားနည်းတာက ကိုယ်တွင်းသွေးထွက်တာကြောင့်ဖြစ်တတ်တဲ့ ပထမဆုံးလက္ခဏာဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်က ရာသီလာနေစဉ်မှာ သွေးအားနည်းတတ်ပေမယ့် အကြောင်းရင်းမရှိဘဲ အလိုလို သွေးအားနည်းနေရင် တစ်နေရာရာမှာ သွေးထွက်နေတယ်လို့ ယူဆနိုင်ပါတယ်။ နုံးချည့်ညောင်းညာတာ၊ မူးဝေတာတို့လို သွေးအားနည်းရော ဂါလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

– အသက်ရှူမဝခြင်း
ကိုယ်တွင်းသွေးထွက်တာရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက အသက်ရှူမဝတာပဲ ဖြစ်ပါတယ်။ သွေးဆုံးရှုံးမှုများတဲ့အခါ သွေးတွေရဲ့ အောက်ဆီဂျင်ကို သယ်ဆောင်နိုင်စွမ်း လျော့နည်းပြီး အသက်ရှူမဝတာ ဖြစ်တတ်ပါတယ်။

– လေပွခြင်း၊ လေထခြင်း
အူမကြီးထဲ ပိတ်ဆို့မှု တစ်ခုခုဖြစ်တဲ့အခါ လေပွတဲ့ဝေဒနာ ဖြစ်တတ်ပါတယ်။ လေပွတာနဲ့ လေထတာက အူမကြီးကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်လို့ သွေးအားနည်းတာ၊ အသက်ရှူမဝတာတွေနဲ့ တွဲပြီးဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

– ဝမ်းချုပ်လွန်းခြင်း
ဝမ်းချုပ်တဲ့ဝေဒနာကို ကြာရှည်ပြင်းပြင်းထန်ထန် ခံစားနေရပြီး သွေးအားနည်းတာ၊ အသက်ရှူမဝတာ စတဲ့ တခြားလက္ခဏာတွေနဲ့ တွဲဖြစ်နေရင် ဒါက အူမကြီးကင်ဆာလက္ခဏာ ဖြစ်နိုင်ပါတယ်။

– ဝမ်းသွားလျှင် သွေးပါခြင်း
မည်းပြီး ကတ္တရာစေးလိုဝမ်း(မစင်)သွားတာက ဝမ်းထဲသွေးပါတဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါက အစာအိမ်အနာတို့လို အခြေအနေရဲ့ လက္ခဏာဖြစ်နိုင်သလို အူမကြီးကင်ဆာလက္ခဏာ ဖြစ်နိုင်ပါတယ်။

– သွားသည့် ဝမ်း(မစင်)က သေးသွယ်လွန်းခြင်း
ဝမ်းသွားတဲ့အခါ ကိုယ့်ဝမ်းကို ပြန်ကြည့်လိုက်ပါ။ သွေးမပါရင်တောင် ဝမ်းက ကျဉ်းပြီးရှည်တဲ့ ပုံစံဖြစ်နေရင် ဒါကအူမကြီးထဲမှာ အလုံးပိတ်နေတဲ့အတွက် ဖြစ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top