Healthy Life Ad
Health Tips

နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျှော့မလဲ . . .

လရိပ်မေ

(၁) လူအများစုဟာ မိသားစုအရေး၊ စားဝတ်နေရေးအတွက် အချိန်ကုန်ရင်း ကိုယ့်အတွက် သီးသန့်အချိန် မပေးနိုင်ကြပါဘူး။ တကယ်တော့ ကိုယ့်အတွက် တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးရပါမယ်။

(၂) ကိုယ့်စိတ်ဖိစီးမှုအဆင့်ကို ကိုယ်သိပြီးဘယ်အချိန်မှာ စိတ်တည်ငြိမ်အောင် ထိန်းသိမ်းသင့်ပြီဆိုတာ နားလည်ပါ။

(၃) တခြားသူတွေကို ထိန်းချုပ်ဖို့ မကြိုးစားဘဲ ကိုယ့်အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အာရုံစိုက်ပါ။

(၄) နေ့စဉ်လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဓာတ်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

(၅) လတ်ဆတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပေါင်မုန့်နဲ့ ရေများများစားသောက်ပါ။ ဒါက သင့်ခန္ဓာကိုယ်နဲ့စိတ်ကို အကောင်းဆုံးအခြေအနေမှာ ထိန်းထားနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။

(၆) တခြားသူတွေကို ခွင့်လွှတ်ပါ၊ ခွင့်လွှတ်သည်းခံနိုင်စွမ်းမြင့်မားလေလေ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်လေလေ ဖြစ်ပါတယ်။

(၇) ချစ်ခင်သူကိုပွေ့ဖက်ပါ၊ အကြင်နာပေးပါ၊ ရယ်စရာရှိ ရင်ရယ်လိုက်ပါ။ တခြားသူတွေကို ကိုယ့်ခံစားချက် ဖွင့်ဟပြဖို့ မကြောက်ပါနဲ့။ ပေါ့ပေါ့ပါးပါး နေလိုက်ပါ။

(၈) အကောင်းမြင်တဲ့ စိတ်မွေးပါ။ အကောင်းမြင်တတ်တဲ့စိတ်က တခြားသူတွေအပေါ်လွှမ်းမိုးပြီး တခြားသူတွေကလည်း သင့်အပေါ် အကောင်းမြင်လာပါလိမ့်မယ်။

(၉) အရက်၊ မူးယစ်ဆေးဝါးတွေကို ရှောင်ပါ။ ဒါတွေက သင်ရဲ့ အကောင်းမြင်စိတ်ထားနဲ့ အပြုအမူကောင်းတွေကို သက်ရောက်မှု ရှိစေနိုင်ပါတယ်။

(၁၀) ငွေအသုံးအစွဲကိုချွေတာပါ။ ဝင်ငွေရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းကို စုဆောင်းပါ။

(၁၁) မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ မကြာခဏအပြင် ထွက်ပါ။ ဒါက အပန်းဖြေနိုင်တဲ့ နည်းလမ်းကောင်းတစ်ရပ်ပါ။

(၁၂) တီဗီကြည့်တာထက် သင်အကြိုက်ဆုံး သီချင်းဖွင့်ပြီး ကခုန်လိုက်ပါ။

(၁၃) ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာက နေ့တိုင်း သင့်ခန္ဓာကိုယ်ကို ဖိစီးမှုပေးနေတာပဲ ဖြစ်ပါတယ်။

(၁၄) တခြားသူတွေ ပြောစကားကို များများနားထောင်ပြီး စကားကို နည်းနည်းပဲ ပြောပါ။

(၁၅) မွေ့ရာထူထူနဲ့ ကောင်းကောင်းအိပ်စက်အနားယူပါ။ လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ နေရာမှာသက်သောင့်သက်သာ အိပ်စက်အနားယူရင်း စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top