Healthy Life Ad
Health Tips

ဆို့နင်ခြင်းအတွက် ရှေးဦးပြုစုခြင်း

ဦးအုန်းသွင် (သင်တန်းအရာရှိ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန) မြန်မာနိုင်ငံကြက်ခြေနီအသင်း။

လူတွေ ပုံမှန် စားလိုက်တဲ့ အစာတွေမှန်သမျှ အစာလမ်းကြာင်းကို ရောက်ရမှာ ဖြစ်ပါတယ်။ ရှုလိုက်တဲ့ လေမှန်သမျှ လေပြွန်ကို ရောက်ရမယ်၊ စားသောက်သမျှ အစားအသောက်အားလုံးက အစာအိမ်ရောက်ရမယ်။ အဲဒီလို မဟုတ်ဘဲ အစာတွေက လေပြွန်ကို တစ်ခါတလေ ရောက်သွားတဲ့အခါ သီးပြီးဆို့နင်တာ ဖြစ်တတ်ပါတယ်။ အဲဒီအခါ “ အဟွတ်၊ အဟွတ် ”ဆိုပြီး သီးတယ်၊ နှာခေါင်းထဲကနေ အစာတွေ ပြန်ထွက်လာပါတယ်။

ဆို့နင်ခြင်း ဖြစ်စေသည့် အကြောင်းများ
အစားအသောက်တွေကို မြန်မြန်အငမ်းမရ စားသောက်လိုက်တဲ့အခါ၊ မြန်မြန်မျိုချလိုက်တဲ့အခါ၊ စားရင်း စကားပြောလိုက်တဲ့အခါ၊ စားရင်း အိပ်လိုက်တဲ့အခါ ဆို့နင်တာဖြစ်တတ်ပါတယ်။ ဆို့နင်ခြင်းဖြစ် သွားတဲ့အခါ စကားပြောလို့မရတော့ဘူး၊ ချောင်းတောင် ကောင်းကောင်းဆိုးလို့ မရတော့ပါဘူး။

ဆို့နင်ခြင်းအတွက် ရှေးဦးပြုစုခြင်း

တခြားသူတွေ ဆို့နင်တဲ့အခါ ဘေးနားက လူတွေ လုပ်လေ့ရှိတာက ကျောကုန်းကို ပုတ်ပေးလေ့ရှိကြပါတယ်။ အဲဒါကို စနစ်ကျအောင်လုပ်ပေးဖို့ လိုပါတယ်။ လက်ပြင်နှစ်ခုကြားကို လက်ဖဝါးကို အတည့်ထားပြီး ရိုက်ထုတ်ပေးရပါမယ်။ အစာလမ်းကြောင်း ပိတ်သွားတဲ့အခါ အဆုတ်ထဲက လေက အပြင်ထွက်လို့ မရတော့ဘူး၊ အပြင်က လေကလည်း အထဲဝင်လို့ မရတော့ဘူး။ ဒါကြောင့် လူနာကို ရှေ့ကို ကုန်းခိုင်းလိုက်တယ်၊ အဲဒီအခါ အဆုတ်ကို သွားပြီး အထောက်အကူပြုသွားပါတယ်။ အဆုတ်ထဲမှာရှိတဲ့ လေထုကိုစုပြီး လက်ပြင်နှစ်ခုကြားထဲ လက်ဖဝါးအတည့်ထားပြီး ခပ်ပြင်းပြင်း ရိုက်လိုက်တဲ့အခါဆို့တဲ့ အရာဝတ္ထုက ထွက်လာပါတယ်။

ဒီနည်းနဲ့ မရရင် နောက်တစ်နည်း သုံးရပါမယ်။ လူနာရဲ့နောက်ဘက်မှာနေပြီး ချက်နဲ့ ရင်ညွှန့်ရိုးကြားမှာ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုးတင်ပြီး လက်မကို အတွင်းဘက်ထားပြီး လက်သီးဆုပ်ကို တင်ပါ။ ပြီးရင် ကျန်တဲ့လက်နဲ့လက်မကို အတွင်း ဘက်ဆုပ်ပြီး အဲဒီအပေါ် တင်လိုက်ပါ။ ပြီးရင် လူနာ ကို ရှေ့ဘက်ကိုင်းထားတဲ့ အနေအထားနဲ့ အတွင်းဘက်ကိုဖိဆွဲပါ။ လူနာက သတိလစ်နေတယ်ဆိုရင် အခြေခံ အသက်ကယ်ပြုစုနည်းနဲ့ ပြုစုပြီး ဆေးရုံ၊ ဆေးခန်းကို ပို့ဆောင်ရပါမယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top