Healthy Life Ad
Health Tips

ခန္ဓာကိုယ်လှပသည့် ဘီရွန်းစေးဆီက လေ့လာသင့်သည့် သင်ခန်းစာ

၊ ငွေစင်ကြယ်ယံ ၊

အဆိုတော်ဘီရွန်းစေးရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းဟာ လိင်ဆွဲဆောင်မှုရှိတယ်လို့ အများစုက လက်ခံထားကြပါတယ်။ အဲဒီလိုခန္ဓာကိုယ် အမျိုးအစားရှိရတဲ့ လျှို့ဝှက်ချက်ကို ဘီရွန်းစေးရဲ့ ခုနစ်နှစ်တာ ကာယနည်းပြဆရာက ပြောပြထားပါတယ်။

– အပင်ထွက်အစာနှင့် ငါးများများ စားခြင်း
ဘီရွန်စေးဟာ သက်သတ်လွတ်အစာတွေကို အမြဲစားနေတာ မဟုတ်ပေမယ့် တိရစ္ဆာန်ထွက် အစားအသောက်တွေကို အများအားဖြင့် ရှောင်လေ့ရှိပါတယ်။ သက်သတ်လွတ်အစာတွေနဲ့ နီးစပ်ပေမယ့် သူက ငါးနဲ့ တခြားအပင်ထွက် ဓာတ်စာအများစုကို စားလေ့ရှိသူပါ။

– လေ့ကျင့်ခန်း ပြုလုပ်ခြင်း
ဘီရွန်းစေး ကျန်းမာနေရတဲ့အဓိက သော့ချက်ကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ ထိုင်-ထ လေ့ကျင့်ခန်း၊ lunges လို့ ခေါ်တဲ့ အလေးမပြီး ခြေထောက်တစ်ဖက်ကို ရှေ့ဘက်ဆတ်ခနဲ လှမ်းထုတ်လိုက်၊ မတ်တပ်ပြန်ရပ်လိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းနဲ့ ဘောလုံးပစ်တဲ့ လေ့ကျင့်ခန်းတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

– စိတ်ပေါ့ပါးစွာ နေထိုင်ခြင်း
ဘီရွန်းစေးဟာ ကျန်းမာရေးကောင်းဖို့နဲ့ စိတ်ချမ်းသာဖို့အတွက် အထောက်အကူပြုတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်နာလေ့ရှိပါတယ်။ သူက အမြဲတမ်း စိတ်ခံစားမှုကောင်းအောင် ကြိုးစားလေ့ရှိပါတယ်။ ဒီလို နေထိုင်မှုပုံစံကြောင့် သက်လုံကောင်းပြီး စင်ပေါ်မှာဖျော်ဖြေတဲ့အခါ သွက်သွက်လက်လက် လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top