Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ကို ဘယ်လိုကျန်းမာစေသလဲ. . .

လေ့ကျင့်ခန်းကို တစ်နေ့နာရီဝက်ခန့် ပြုလုပ်ပေးတာကြောင့် အသက်ကြီးတဲ့အထိ သင့်ဦးနှောက်ကျန်းမာစေမှာပါ။

လေ့ကျင့်ခန်းလုပ်တာကြောင့် အဓိကဖြစ်တတ်တဲ့ စိတ်ကျရောဂါဝေဒနာလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု အားကောင်းစေပြီး မှတ်ဉာဏ်နဲ့ ဦးနှောက်လုပ်ငန်းဆောင်တာကို တိုးမြင့်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှုကောင်းမွန်စေတဲ့ ဓာတ်တွေထွက်ပေါ်လာစေပြီး စိတ်ဖိစီးမှုတွေနဲ့ ပူပင်သောကတို့ မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်အာရုံစုစည်းမှုကိုလည်း ပိုမိုကောင်းမွန်လာစေပြီး လုပ်ငန်းဆောင်တာတွေကို ပိုမိုတိကျစွာ လုပ်ဆောင်နိုင်စေကာ သင်ရည်မှန်းရာပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် သူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ဟန်ချက်မညီဘဲ ကတုန်ကယင်ဖြစ်တာကို လျော့ကျစေသလို စိတ်ပျံ့လွင်မှုမရှိအောင်လည်း ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာနဲ့ သန်စွမ်းကြံ့ခိုင်မှုတို့ကို ထိန်းသိမ်းပေးပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးလုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် အိပ်စက်မှုစနစ်ကို တိုးတက်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

လေ့ကျင့်ခန်းလုပ်တာကြောင့် ဉာဏ်ရည်ထက်မြက်စေပြီး တွေးခေါ်နိုင်စွမ်းအားကို သိသိသာသာ တိုးတက်လာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top