Healthy Life Ad
International

တရုတ်ပန်းရန်ဆရာ ပေါင်ခြံမှ ဦးခေါင်းအထိ သံချောင်းဖောက်ဝင်သွားသော်လည်း အသက်မသေ

၊ မိုးမင်းထွန်း ၊

တရုတ်ပန်းရန်ဆရာတစ်ယောက်ဟာ ဆောက်လက်စတိုက်ပေါ်က ပြုတ်ကျပြီး ပေါင်ခြံကနေ ဦးခေါင်းအထိ တစ်မီတာခွဲရှည်တဲ့ သံချောင်းတစ်ခု ဖောက်ဝင်သွားခဲ့ပါတယ်။ အသက်၄၆နှစ်အရွယ်အမျိုးသားဟာ ၅မီတာမြင့်တဲ့ အဆောက်အအုံတစ်ခုက ပြုတ်ကျခဲ့တာပါ။ သူက ခွဲစိတ်ဖို့အတွက် နာရီ ၃၀ကျော် စောင့်စားခဲ့ရပါတယ်။ ခွဲစိတ်မှုက ခုနစ်နာရီကြာမြင့်ခဲ့ပြီး သူ့ခန္ဓာကိုယ်က သံချောင်းကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။

လောလောဆယ်မှာ အထူးကြပ်မတ် ကုသဆောင်မှာပဲ နေထိုင်နေရသေးတယ်လို့ သိရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါအတော်တော်များများမှာ ဒဏ်ရာအနာတရတွေဖြစ်ပွားခဲ့ပြီး ဦးနှောက်မှာလည်း ထိခိုက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ သံချောင်းက သေစေနိုင်တဲ့နှလုံးနဲ့ လည်ပင်းသွေးပြန်ကြောနေရာတွေမှ သီသီကလေးကပ်လွဲသွားတယ်လို့ သိရပါတယ်။ ခွဲစိတ်ဆရာဝန်တွေက သူ့လည်ပင်းကိုဖွင့်ကာ သံချောင်းကို နှစ်ပိုင်းဖြတ်ခဲ့ရပါတယ်။ ပြီးနောက်မှသာ ခေါင်းပိုင်းနဲ့ ရင်ပိုင်းမှ သံချောင်းတစ်ပိုင်းစီကို ဖယ်ရှားနိုင်ခဲ့ပါတယ်။

(Ref; SCMA)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top