Healthy Life Ad
Health Tips

သင့်အရေပြား ခြောက်သွေ့ယားယံနေပါက . . .

ခြောက်သွေ့အေးမြတဲ့ ရာသီဥတု၊ အင်းဆက် ပိုးမွှားကိုက်တာ၊ ပြင်းတဲ့ဆပ်ပြာ၊ ကြမ်းတမ်းတဲ့ အိမ်သုံး သန့်ရှင်း ရေး ပစ္စည်းတွေ၊ အရေပြားပိုးဝင်တာနဲ့ တချို့ဆေးကုသမှုတွေကြောင့် အရေပြားယားယံတဲ့ဝေဒနာ ခံစားရတတ် ပါတယ်။ အရေပြားယားတဲ့အခါ ကုတ်လိုက်ရင် ချက်ချင်းသက်သာသွားပေမယ့် အပြင်းအထန် ကုတ်လိုက်ရင် ယားယံတဲ့ဝေဒနာက ပိုဆိုးသွားပြီး အရေပြားမှာထိခိုက်ဒဏ်ရာရတတ်ပါတယ်။ ဒါကြောင့် အရေပြားယားယံပြီး ကုတ်ခြစ်တဲ့ဝေဒနာ သက်သာစေဖို့ အောက်ပါအိမ်တွင်းကုထုံးတွေကို ခံယူသင့်ပါတယ်။

ရေခဲ

အင်းဆက်အကိုက်ခံရတဲ့အခါ အရေပြားယားယံတဲ့ဝေဒနာ သက်သာစေဖို့ အမြန်ဆုံးနည်းလမ်းက ရေခဲကပ်ပေး တာပါ။ အေးမြမှုကြောင့် အဲဒီနေရာထုံသွားပြီး မသက်မသာဖြစ်တဲ့ ခံစားချက်ပြေလျော့ သွားပါတော့တယ်။ ဒါမှ မဟုတ် ဘုံဘိုင်ရေကနေစီးကျနေတဲ့ရေအောက်မှာ အင်းဆက်အကိုက်ခံရတဲ့ အရေပြားနေရာကိုထားပေးပါ။ ယားတာကို ကုတ်တဲ့နည်းနဲ့ဖြေရှင်းရင် ပိုယားပြီး ပိုကုတ်ချင်စိတ်ဖြစ်ပေါ်ရာက ကုတ်ခြစ်ဒဏ်ရာတောင်ပေါ် တတ်ပါတယ်။

သံပရိုသီး

သံပရိုသီးရဲ့ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းကြောင့် အင်းဆက်အကိုက်ခံရတဲ့အခါ ယား ယံတဲ့ဝေဒနာက ချက်ချင်းသက်သာသွားပါလိမ့်မယ်။ ယားယံတဲ့ အရေပြားနေရာမှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရိုရည်ဆွတ်ပြီး သက်သာတဲ့အထိ ထပ်ခါထပ်ခါ လုပ်ပေးရမှာဖြစ်ပါတယ်။

ဆော်ဒါမှုန့်

အင်းဆက်အကိုက်ခံရတာနဲ့ အရေပြားခြောက် သွေ့မှုတွေကြောင့်ဖြစ်တဲ့ ယားယံတဲ့ ဝေဒနာဟာဆော်ဒါမှုန့်နဲ့ ကုလိုက်ရင် ချက်ချင်းသက်သာသွားပါလိမ့်မယ်။ ဆော်ဒါမှုန့် သုံးဆ၊ ရေတစ်ဆရောပြီး သမအောင်မွှေကာ ယား ယံတဲ့အရေပြားပေါ်သုတ်လိမ်းပေးပါ။ ချိုးရေထဲ ဆော်ဒါမှုန့်တစ်ခွက်ထည့်ပြီး ရေချိုးရင်လည်းယားယံတဲ့ ဝေဒနာ သက်သာသွားပါလိမ့်မယ်။

ဂျုံမှုန့်အကြမ်း

ဂျုံမှုန့်အကြမ်း လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ရေ အနည်းငယ်ရောမွှေပြီး စေးပျစ်အောင်လုပ်ကာ ယားယံတဲ့ အရေ ပြားပေါ်သုတ်လိမ်းပေးပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအပြင်အရေပြားကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ ရှားစောင်းလက်ပပ်ဟာ အရေပြားဒဏ်ရာတွေနဲ့ မီးလောင်ဒဏ်ရာတွေကိုသက်သာစေပြီး ယား ယံမှုနဲ့ ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

မရှိမဖြစ်ဆီ

ပင်စိမ်းဆီ၊ တမာဆီ၊ လာဗန်ဒါဆီ စတဲ့ မရှိမ ဖြစ်ဆီတစ်မျိုးကို ယားယံတဲ့အရေပြားပေါ် သုတ်လိမ်းပေးပါ။

၊ ငွေကြယ်စင်ယံ ၊ (Ref;HD)

 

Most Popular

Healthy Life Ad
To Top