Healthy Life Ad
Health Tips

ခြေဖနောင့်ကွဲခြင်းအတွက် အိမ်တွင်းကုထုံး

၊ လရိပ်မေ ၊

ဆောင်းတွင်းကာလ အဖြစ်များတဲ့ ခြေဖနောင့် ကွဲတဲ့ ဝေဒနာ သက်သာစေဖို့ အောက်ပါ အိမ်တွင်း ကုထုံးတွေကို သုံးသင့်ပါတယ်။

(၁) သံပရိုသီး၊ ဆား၊ ဂလစ်ဆရင်းအလှဆီ၊ နှင်းဆီရေ
ခြေဖနောင့် အက်ကွဲနာကျင်တဲ့ ဝေဒနာ သက်သာပြီး ခြေဖနောင့် ချောမွေ့လှပဖို့အတွက် အောက်ပါ အိမ်တွင်းကုထုံး သုံးရပါမယ်။

– ကြက်သီးနွေးရေ တစ်ဇလုံထဲမှာ ဆား၊ သံပရိုရည်၊ ဂလစ်ဆရင်းအလှဆီနဲ့ နှင်းဆီရေတွေ ထည့်ပြီး ခြေထောက်ကို ၁၅-၂၀ မိနစ်ကြာ စိမ်ပေးပါ။

– ဖနောင့်နဲ့ ဖနောင့်ဘေးဘက်တွေကို ကြေးတွန်း ကျောက်နဲ့ ပွတ်တိုက်ပေးပါ။

– ဂလစ်ဆရင်းအလှဆီ လက်ဖက်စားဇွန်း တစ် ဇွန်း၊ နှင်းဆီရေ လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ရောမွှေပြီး ဖနောင့်ပေါ်မှာ သုတ်လိမ်းပေးပါ။ ပြီးရင် ခြေအိတ်စွပ်ပြီး တစ်ညလောက်ထားပါ။

– နောက်တစ်နေ့ နံနက်ခင်းမှာ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။

– ခြေဖနောင့် နူးညံ့ပြီး အနာကျက်တဲ့အထိ ရက်အနည်းငယ် ထပ်လုပ်ပေးပါ။

(၂) ဟင်းသီးဟင်းရွက်ဆီ
ခြေဖနောင့်ပေါ်က ခြောက်သွေ့တဲ့ အရေပြားကို ဟင်းသီးဟင်းရွက်ဆီနဲ့ တွန်းလှန်နိုင်ပါတယ်။

– ခြေထောက်ကို ဆေးပြီး ခြောက်သွေ့အောင် သုတ်ကာ ခြေဖနောင့်ရဲ့ အက်နေတဲ့ နေရာမှာ ဟင်းသီးဟင်းရွက်ဆီ လိမ်းပေးပါ။

– ခြေအိတ်ထူထူဝတ်ပြီး တစ်ညထားပါ။

– နံနက်ခင်းမှာ ရေနဲ့ ဆေးကြောကာ ချောမွေ့ပြီး အနာကျက်တဲ့ ခြေဖနောင့်ဖြစ်တဲ့အထိ ထပ်ခါ ထပ်ခါ လုပ်ပေးပါ။

(၃) ငှက်ပျောသီးနှင့် ထောပတ်သီး
ငှက်ပျောသီးမှည့်ကိုယူပြီး ခြေဖနောင့်ရဲ့ အက်ကွဲနေတဲ့ အစိတ်အပိုင်းပေါ် သုတ်လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာထားပြီး ရေနဲ့ ဆေးလိုက်ပါ။
နောက်တစ်နည်းက ထောပတ်သီးနဲ့ ငှက်ပျောသီးမှည့်ကို သုံးနိုင်ပါတယ်။
ငှက်ပျောသီးမှည့်တစ်လုံးနဲ့ ထောပတ်သီး တစ်ဝက်ကိုယူပြီး မွှေစက်ထဲ ရောမွှေပါ။ ပြီးရင် ခြေဖနောင့်နဲ့ ခြေဖဝါးပေါ် သုတ်လိမ်းပါ။ ထောပတ်သီးမှာ မရှိမဖြစ်ဆီ၊ ဗီတာမင်နဲ့ အဆီဓာတ်တွေ ပါဝင်မှု များတာကြောင့် ခြောက်သွေ့အက်ကွဲနေတဲ့ ခြေဖနောင့်ဟာ နူးညံ့စိုပြည်လာမှာ ဖြစ်ပါတယ်။

(၄) သံပရိုရည်နှင့် ဗက်ဆလင်းအလှဆီ
ခြေဖနောင့်ကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ပြီးရင် ခြေထောက်ကို ကြက်သီးနွေးရေထဲ မှာ အချိန် ၁၅-၂၀ မိနစ်ကြာ စိမ်ပြီး ရေဆေးကာ ခြောက်အောင် သုတ်လိုက်ပါ။
ဗက်ဆလင်းအလှဆီ ထမင်းစားဇွန်းတစ်ဇွန်းနဲ့ သံပရာရည်တို့ကို ရောမွှေပြီး ခြေဖနောင့်ပေါ် သုတ်လိမ်းပါ။ ပြီးရင် ချောမွေ့သန့်စင်တဲ့ အရေပြားဖြစ်တဲ့ အထိ ပွတ်လိမ်းပေးပါ။
တစ်ညတာထားပြီး သိုးမွှေးခြေအိတ်ဝတ်ကာ မနက်ခင်းမှာ ဆေးကြောပေးလိုက်ပါ။

(၅) ပျားရည်
ပျားရည်က ခြေဖနောင့်ကို အစိုဓာတ်ကောင်း ကောင်းထိန်းပေးနိုင်ပြီး ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။
– ပျားရည်တစ်ခွက်နဲ့ ကြက်သီးနွေးရေ တစ်ဖန် ခွက်ကို ရောလိုက်ပါ။
– အဲဒီအရောကို ခြေဖနောင့်ကို လိမ်းပြီး ၁၅-၂၀ မိနစ်ကြာထားပါ။
– ခြေဖနောင့်ကို ညင်ညင်သာသာ ကြေးချွတ်သန့် စင်ပေးပါ။

(၆) ဆန်မှုန့်
– ဆန်မှုန့် ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ရှလကာရည်နဲ့ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းတို့ကို ရောမွှေပြီး ခြောက်သွေ့အက်ကွဲနေတဲ့ ခြေဖနောင့်ပေါ် သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာမှ ရေနွေးနဲ့ ဆေးပြီး ညင်ညင်သာသာ ကြေးချွတ်ပေးရမှာ ဖြစ်ပါတယ်။

(၇) သံလွင်ဆီ
သံလွင်ဆီစစ်စစ်က ခြေဖနောင့်ကို ချောမွေ့ နူးညံ့စေတဲ့ သဘာဝအာနိသင်ရှိပါတယ်။
– သံလွင်ဆီကို ဝါဂွမ်းနဲ့ ယူပြီး ခြေဖနောင့်ပေါ်မှာ စက်ဝိုင်းပုံစံ လှည့်လည်ကာ နှိပ်ပေးပါ။
– ခြေအိတ်ထူထူ ဝတ်ပြီး တစ်နာရီကြာမှ ရေနဲ့ ဆေး ချလိုက်ပါ။

(၈) ဂျုံမှုန့်
ဂျုံမှုန့် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ ဒါမှ မဟုတ် ဂျိုဂျိုးဘားဆီကို ရောမွှေပြီး စေးပျစ်တဲ့ အရည်ဖြစ်အောင်လုပ်ပါ။ ပြီးရင် ခြေဖနောင့်နဲ့ ခြေဖဝါးကို သုတ်လိမ်းပြီး နာရီဝက်ကြာ ထားကာ ရေအေး နဲ့ ဆေးချလိုက်ပါ။

(၉) နှမ်းဆီ
နှမ်းဆီကို ခြေဖနောင့်နဲ့ အက်ကွဲနေတဲ့ အစိတ်အပိုင်းတွေပေါ်မှာ ညတိုင်း လိမ်းပေးပါ။ အရေပြားထဲ စိမ့်ဝင်တဲ့အထိ လိမ်းပြီး နှိပ်ပေးပါ။ ညတိုင်း လုပ်ပေးရင် ခြေဖနောင့်အက်ကွဲတာ သက်သာပြီး ချောမွေ့ လှပလာပါလိမ့်မယ်။
(Ref;HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top