Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလ ဖြတ်သန်းမှု အဆင့်ဆင့်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ရှိချိန်ကစပြီး မွေးဖွားချိန်အထိ ကိုယ်ဝန်ဆောင်ကာလဖြတ်သန်းမှုအဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

ကိုယ်ဝန် ၁ လ
သားဥကြွေပြီး သန္ဓေစတည်ပါတယ်။ အိမ်မှာ နံနက်ခင်းသွားတဲ့ဆီးကို ဆီးစစ်တံနဲ့ စစ်ကြည့်လိုက်တဲ့အခါ ကိုယ်ဝန်ရှိကြောင်း အဖြေပေါ်ပါလိမ့်မယ်။ သားလောင်းမှာ ဆဲလ်နှစ်ခုပါရှိပါတယ်။

ကိုယ်ဝန် ၂ လ
ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေဖြစ်တဲ့ အလွန် အမင်းနုံးချည့်တာ၊ မကြာခဏဆီးသွားတာ၊ ပျို့အန်တာနဲ့ ဟော်မုန်းအတက် အကျဖြစ်တာတို့ ဖြစ်ပေါ်တတ်ပါတယ်။ ကလေးရဲ့ နှလုံးစခုန်နေပြီး ကလေးရဲ့ ဦးနှောက်ဖြစ်လာပါပြီ။

ကိုယ်ဝန် ၃ လ
သားလောင်းလေးက သန္ဓေသားအဖြစ် ပြောင်းလဲလာပါပြီ။ ဒီအချိန်မှာ ကိုယ်ဝန်ဆောင် မေမေရဲ့ ပျို့အန်တဲ့ဝေဒနာ သက်သာစပြုလာပါပြီ။ သန္ဓေသားရဲ့ အရွယ်အစား က ဆီးသီး(ဇီးသီး)လုံး အရွယ်လောက်ဖြစ်လာပါတယ်။

ကိုယ်ဝန် ၄ လ
သန္ဓေသားရဲ့အရိုးတွေ မာကျောလာပြီး ကလေးက အရှည် ငါးလက်မခန့်နဲ့ အလေးချိန် ငါးအောင်စ လောက်ရှိလာပါတယ်။

ကိုယ်ဝန် ၅ လ
ကလေးကန်တာကို စတင်ခံစားရပါလိမ့်မယ်။ ကလေးရဲ့ အကြားအာရုံ စတင်ဖွံ့ဖြိုးလာပါတယ်။ ဒီလအတွင်းကိုယ် ဝန်ဆောင်မေမေဟာ မသက်မသာဝေဒနာတွေ စတင်ခံစားရတတ်ပါတယ်။ အဲဒါတွေကတော့ ခါးနာတာ၊အစာမကြေတာ၊ ရင်ပူတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့ ဝမ်းချုပ်တာတို့ဖြစ်ကြပါတယ်။

ကိုယ်ဝန် ၆ လ
ကိုယ်ဝန်ဆောင်ကာလ တစ်ဝက်ကျော် ရှိလာပါပြီ။ ကိုယ်ဝန် ၆ လပြည့်ပြီးတာနဲ့ ဗိုက်ထဲက သန္ဓေသားလေးက အပြည့်အဝနီးပါး ဖွံ့ဖြိုးလာ ပါပြီ။

ကိုယ်ဝန် ၇ လ
ကလေးရဲ့ ဦးနှောက်က အသံနဲ့ မြင်ကွင်းတွေ ကို စတင်ဖမ်းဆုပ်လာပါတယ်။ ကလေးရဲ့ အရွယ် အစားက ၁၃ လက်မ လောက်ရှည်နေပါပြီ။

ကိုယ်ဝန် ၈ လ
ကလေးက အပြည့်အဝ ဖွံ့ဖြိုးနေပါပြီ။ အလေးချိန်လည်း တက်လာပါတယ်။ ကလေးရဲ့ အဆုတ်က အပြည့်အဝ နီးပါးဖွံ့ဖြိုးလာပါပြီ။

ကိုယ်ဝန် ၉ လ
အိပ်ရခက်ခဲနေနိုင်ပါတယ်။ ကလေးကမကြာခဏ လှုပ်နေပါလိမ့်မယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top