Healthy Life Ad
International

ငြီးငွေ့စရာကောင်းသည့် လုပ်ငန်းခွင်က မှတ်ဉာဏ်နှင့် စူးစိုက်မှုတို့အပေါ် ရေရှည်တွင် ထိခိုက်စေနိုင်

မိုးမင်းထွန်း

လုပ်ငန်းခွင်မှာရှိနေစဉ် အိမ်ပြန်မယ့်အချိန်ကို အမြဲကြည့်နေရလေ့ရှိတဲ့ စိန်ခေါ်မှုမရှိတဲ့အလုပ်မျိုးက ရေရှည်မှာ ဦးနှောက်ကိုထိခိုက်စေကြောင်း သိရပါတယ်။ ဖလော်ရီဒါ စတိတ်တက္ကသိုလ်မှ သုတေသီတွေက ငြီးငွေ့စရာကောင်းတာနှင့် မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ရှိတဲ့အလုပ်တွေက ရေရှည်မှာ အလုပ်သမားတွေရဲ့ အသိဉာဏ်ကိုထိခိုက်မှုရှိစေတယ်လို့ ဆိုပါတယ်။

သုတေသီတွေက အမေရိကန် ပြည်ထောင်စုမှ အလုပ်သမား ၅၀ဝ၀နီးပါးရဲ့အချက် အလက်တွေ အပေါ်မှာ စစ်တမ်းကောက်ခဲ့ကြတာပါ။ အလုပ်သမားတစ်ယောက်ချင်းစီရဲ့ လုပ်ငန်းခွင်နဲ့ အလုပ်ခွင်အတွင်းရရှိတဲ့ ဗဟုသုတ၊ ပြန်လည်အသုံးချနိုင်မှုတို့ကို စစ်ဆေးခဲ့ကြပါတယ်။ အလုပ်သမားတွေရဲ့ အလုပ်ပြီးမြောက်မှု၊အချိန်ကို အသုံးချမှုနဲ့ စိတ်ပါဝင်စားမှုစွမ်းရည်တွေကိုလည်း နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။

စိန်ခေါ်မှုများပြီး အတွေ့အကြုံပညာ အသစ်တွေရရှိလေ့ရှိတဲ့ လုပ်ငန်းခွင်က အလုပ်သမားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဉာဏ်ရည် တိုးတက်လာတာကို တွေ့ရှိခဲ့ပါတယ်။ မသန့်ရှင်းတဲ့လုပ်ငန်းခွင်နဲ့ စိန်ခေါ်မှုမရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ဆောင်ရသူတွေက အသက်ကြီးလာတာနဲ့အမျှ အသိဉာဏ်စွမ်းဆောင်ရည် ကျဆင်းသွားတာကို တွေ့ရှိခဲ့ပါတယ်။ အလုပ်သမားတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ပြီး စိတ်ပါဝင်စားမှုရှိစေတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးတာတွေက သူတို့ရဲ့ ဘဝနှောင်းပိုင်းမှာ အသိဉာဏ်စွမ်းရည်တွေ မကျဆင်းအောင် ကူညီနိုင်ပါလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top