Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်ကြောပြတ်ရာတွေ မထင်အောင် ဘယ်လိုလုပ်သင့်သလဲ . . .

၊ ငွေကြယ်စင်ယံ ၊

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်ရာ ထင်လေ့ရှိပါတယ်။ ဗိုက်ကြောပြတ်ရာ အများစုက နာကျင်မှုမရှိသလို အန္တရာယ်လည်းမရှိပါဘူး။ ဒါပေမဲ့ အလှအပကို ထိခိုက်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ဗိုက်ကြောပြတ်ရာ မထင်လိုကြပါဘူး။

(၁) ရေများများသောက်ပါ။ ရေသောက်တာကြောင့် တစ်နေ့လုံး ရေဓာတ်ပြည့်ဝရုံသာမက စိတ်ကိုပါလန်းဆန်းစေပါတယ်။ ရေဓာတ်ပြည့်ဝတာက အရေပြားကို ဆွဲဆန့်နိုင်စွမ်းအား ပိုမိုကောင်းစေပြီး ဗိုက်ကြောပြတ်ရာတွေဖြစ်နှုန်း လျော့ကျစေပါတယ်။

(၂) ကျန်းမာရေးနဲ့အညီ စားပါ။ အင်တီအောက်ဆီးဒင့်ပါဝင်မှုများတဲ့ အစာတွေက အရေပြားရဲ့ ဆွဲဆန့်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီးနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေက အသားအရေကို ကျန်းမာကြည့်ကောင်းအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

(၃) ကိုယ်အလေးချိန်ကို ထိန်းပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စားချင်သလောက်စားပြီး ကိုယ်အလေးချိန် အလွန်အမင်းမြင့်တက်လာရင် ဗိုက်ကြောပြတ်ရာ ထင်နိုင်ခြေ ပိုများပါတယ်။

(၄) ကိုယ်ဝန်ဆောင်နဲ့သင့်တော်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပါ။ လမ်းလျှောက်တာကြောင့် အရေပြားရဲ့ဆွဲဆန့်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ လမ်းလျှောက်တာကြောင့် သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်စေပြီး ကိုယ်အလေးချိန် အလွန်အမင်းမြင့်တက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

(၅) အသားအရေကို အစိုဓာတ်ထိန်းပါ။ ဗိုက်အရေပြားကို အဆီတစ်မျိုး ဒါမှမဟုတ် လိုးရှင်းလိမ်းတာကြောင့် ဗိုက်ကြောပြတ်ရာဖြစ်နှုန်းကို မြင့်မားစေပါတယ်။ အုန်းဆီက အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှု ကင်းစင်စေတဲ့ အဆီဖြစ်ပါတယ်။

(၆) အရေပြားကို ဘရပ်ရှ်နဲ့ အခြောက်ပွတ်ပေးပါ။ ခြေထောက်ကနေ နှလုံးနေရာအထိ ဘရပ်ရှ်နဲ့ပွတ်တိုက်ပေးပြီး ရေချိုးတာကြောင့် အရေပြားဆဲလ်သေတွေကို ကွာကျစေပါတယ်။

(၇) ဗိုက်ကြောပြတ်ရာရှိနေရင် ဂလိုင်ကောလစ်အက်ဆစ် ဒါမှမဟုတ် ရက်တီးနွိုက်ပါတဲ့ ခရင်မ်လိမ်းပါ။ ဗိုက်ကြောပြတ်တဲ့နေရာမှာ ကလေးသုံးဆီ (Baby Oil)လိမ်းပါ။ ဗိုက်ကြောပြတ်ရာရှိတဲ့နေရာမှာ ဆော်ဒါမှုန့်ဖျော်ထားတဲ့ ရေလိမ်းပြီး နှိပ်နယ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top