Healthy Life Ad
International

ချစ်သူ၏ အနမ်းတစ်ပွင့်ကြောင့် သေဆုံးသွားသည့်အမျိုးသမီး

မိုးမင်းထွန်း

ကနေဒါနိုင်ငံမှ မြေပဲနဲ့ဓာတ်မတည့်တဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးလေးဟာ သူရဲ့ရည်စားနဲ့ အနမ်းခြွေပြီး မကြာခင်သေဆုံး သွားခဲ့ပါတယ်။
မိုင်ရီယန်ဒူခရီလီမေလို့ အမည်တွင်တဲ့ အမျိုးသမီးလေးရဲ့မိခင်ဟာ ဒီအကြောင်းကို မီဒီယာသမားတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

သူ့သမီးရဲ့ဘဝဟာ ပုံမှန်အဆင်ပြေနေခဲ့ကြောင်းနဲ့ သူမှာရည်းစားရှိနေပြီဖြစ်ကြောင်း မိခင်ကို အသိပေးခဲ့တယ်လို့ဆိုပါတယ်။ သူဟာ သူရဲ့ချစ်သူအသစ်ကို မြေပဲနဲ့ဓာတ်မတည့်ရောဂါရှိကြောင်း မပြောပြရသေးဘူးလို့လည်း သိရပါတယ်။

၂၀၁၂ခုနှစ် အောက်တိုဘာက ဒူခရီလီမေဟာ သူ့ချစ်သူနဲ့အတူ ပါတီပွဲတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ သူရဲ့ရည်းစားဟာ မြေပဲထောပတ်အသားညှပ်မုန့်ကို စားသုံးခဲ့ပြီး မကြာခင်မှာ အနမ်းခြွေခဲ့ကြပါတယ်။ မကြာခင်မှာ ဒူခရီလီမေဟာ အသက်ရှူကျပ်လာခဲ့ပါတယ်။

သူ့မှာ အသက်ရှူကျပ်တာအတွက် အရေးပေါ် အသက်ကယ်ကိရိယာ Epipen လည်း မပါလာခဲ့ပါဘူး။ သူ့ရည်းစားက အရေးပေါ်အသက်ကယ်ကားကိုဖုန်းဆက်ခေါ်ခဲ့ပါတယ်။ အရေးပေါ် လူနာတင်ကားဟာ ၈ မိနစ်အတွင်းရောက်လာခဲ့ပေမယ့် ဒူခရီလီမေဟာ ဦးနှောက်တွင်း အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဒူခရီလီမေရဲ့ မိခင်က ဓာတ်မတည့်ရောဂါရှိသူတွေဟာ ရောဂါရှိကြောင်းပြဆိုတဲ့ ဆေးသတိပေးလက်ကောက်ကို အမြဲဝတ်ဆင်သင့်ကြောင်းနဲ့ Epipen ကို အမြဲဆောင်ထားသင့်ကြောင်း တိုက် တွန်းခဲ့ပါတယ်။ သူ့သမီးသာ ဒီပစ္စည်းနှစ်ခုကို ဆောင်ထားခဲ့ရင် ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့မှာ မဟုတ်ကြောင်း ဝမ်းနည်းစွာပြောပြခဲ့ပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top