Healthy Life Ad
Q & A

ကြွက်နို့နဲ့ မှဲ့ ဘယ်လိုခွဲခြားနိုင်သလဲ . . .

မေး. ကျွန်တော့်လည်ပင်းနားမှာ ကြွက်နို့ / မှဲ့အမြဲ ပေါက်တယ်။ ကြွက်နို့နဲ့ မှဲ့ဘယ်လို ခွဲသိနိုင်ပါသလဲ၊ ကြွက်နို့က အသက်အန္တရာယ်ပေးနိုင်ပါသလား။ ဘယ်လိုသက်သာအောင် ကုသလို့ရပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ကြွက်နို့ဆိုတဲ့ အရေပြားရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး ခြေချောင်း၊ လက်ချောင်းလေးတွေမှာ အဖြစ်များပါတယ်။ မှဲ့ကတော့ မွေးရာပါလည်း ရှိသလို ကလေးဘဝ၊ မြီးကောင်ပေါက်ဘဝမှ ပေါ်လာတာတွေ၊ နောက် အသက်ကြီးမှ ပေါက်လာတာတွေရှိပါတယ်။

သာမာန်ကြွက်နို့အများစုကတော့ အန္တရာယ်နည်းပေမယ့် လိင်အင်္ဂါမှာရှိခဲ့ရင် ကင်ဆာဖြစ်စေနိုင်တာတွေရှိ ပါတယ်။ လူတိုင်းလိုလို မှဲ့ရှိတတ်ပေမယ့် ရုတ်တရက်ကြီးလာတာ၊ အရောင်ပြောင်းလာတာ စသဖြင့် ထူးခြားမှုရှိလာရင်တော့ အရေပြားကင်ဆာ ပြောင်းသွားတတ်တာကြောင့် မပေါ့ဆသင့်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top