Healthy Life Ad
Q & A

မှဲ့ကင်ဆာ ဖြစ်မှာစိုး . . .

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

မေး ။ ကျွန်မကိုယ်ခန္ဓာမှာ မှဲ့တွေ များလို့ပါ။ ကင်ဆာဖြစ်မှာလည်း စိုးပါတယ်။ မှဲ့ကင်ဆာ မဖြစ်အောင် ဘယ်လိုနည်းတွေနဲ့ ကာကွယ်သင့်ပါသလဲ ဆရာမ။

ဖြေ ။ မှဲ့ကင်ဆာမဖြစ်အောင် မှဲ့ကို စစ်ဆေးရပါမယ်။ မိမိဘာသာ စစ်ဆေးသင့်သလို တစ်လတစ်ခါလောက် တတ်ကျွမ်းနားလည်တဲ့သူနဲ့ အရေပြားကို ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမယ်။

နေရောင်ပြင်းထန်တဲ့အချိန်ကို ရှောင်ရပါမယ်။ အပြင်ထွက်ရင် နေရောင်ကာ ခရင်မ်ကို သုံးရပါမယ်။ မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီကြား နေပူကို ရှောင်ရပါမယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ရပါမယ်။ နေကာမျက်မှန်တပ်ပြီး ဦးထုပ်ဆောင်းရမယ်၊ ထီးဆောင်းရပါမယ်။ ဆေးလိပ်လျှော့သောက်သင့်ပါတယ်။

အရေပြားပြောင်းလဲတာကို အထူး စစ်ဆေးရပါမယ်။ စောစောသိလို့ စောစောကုသရင် သက်သာပျောက်ကင်းတာကို သိစေချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top