Healthy Life Ad
Health Tips

မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတို့ အမြန်ရှည်လာစေမည့် သဘာဝနည်းလမ်းများ

၊ ကိုထက် ၊

နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို သေချာရိတ်ထားတဲ့သူကသာ လူကြီးလူကောင်းဆန်တယ်လို့ တချို့က ဆိုပေမယ့် မျက်နှာပေါ်မှာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရေးရေးလေးတွေရှိမှ ယောကျာ်းပီသတယ်လို့ တချို့က ထင်ကြပါတယ်။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေပေါက်ပြီး လူငယ်ဆန်ဆန် နေထိုင်ချင်တဲ့အခါ လုပ်ဆောင်ကြည့်သင့်တဲ့ သဘာဝနည်းလမ်းကောင်းတွေကို မျှဝေလိုက်ပါတယ်။

– နေ့စဉ် မျက်နှာသစ်ပါ

မျက်နှာပေါ်မှာ အဆီ၊ အညစ်အကြေးနဲ့ ဖုန်မှုန့် တွေ ကပ်ငြိနေရင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး သန်စွမ်းကြီးထွားမှုကို ရပ်တန့်စေနိုင်ပါတယ်။ မျက်နှာကို သန့်ရှင်းရေး လုပ်ဆောင်တာကြောင့် မျက်နှာ အမွေးအမှင် ရှင်သန်ထူထဲမှုကို အားပေးပါတယ်။ နေ့တိုင်း မျက်နှာသစ်ပြီး အပျော့စား ကြေးချွတ်ခရင်မ်နဲ့ မျက်နှာကြေးချွတ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးရပါမယ်။

– သင့်တော်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များ မှီဝဲပါ

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားတာကြောင့် အမွေးပေါက်နှုန်းကို လျော့ကျစေပါတယ်။ အမွေးသန်စွမ်းစေတဲ့ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့လိုဗီတာမင်တွေပါတဲ့ အစားအသောက်တွေကို စားသုံးပါ။ အစာကို ကောင်းမွန်မျှတတဲ့ အစာမစားဖြစ်ရင် နေ့တိုင်းမာလ်တီဗီတာမင်အားဆေး မှီဝဲပေးပါ။ ဟမ်ဘာဂါနဲ့ အာလူးချောင်းကြော်တို့လို ဖရီးရယ်ဒီကယ် ပါဝင်မှုများတဲ့ အစာတွေကို ရှောင်ရပါမယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ

နိုးနေချိန်မှာထက် အိပ်မောကျနေချိန်မှာ အမွေးတွေ ပိုပြီး မြန်မြန် ရှင်သန်လာတယ်ဆိုတာ သင်သိပါရဲ့လား။ အရွယ်ရောက်အမျိုးသားတစ်ယောက်က တစ်နေ့မှာ အိပ်ချိန် ၈-၁၀ နာရီလောက် လိုအပ်ပါတယ်။ အိပ်ရေးပျက်တဲ့သူတွေမှာ ခန္ဓာကိုယ် လုပ်ငန်းဆောင်တာပိုမိုနှေးကွေးသွားတတ်ပါတယ်။ အိပ်ရာမဝင်ခင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာနဲ့ ကော်ဖီသောက်တာတို့ကို ရှောင်ပါ။ ငြိမ်းချမ်းတိတ်ဆိတ်တဲ့ နေရာမှာ အိပ်စက်တာကြောင့် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်လာအောင် ကူညီနိုင်ပါတယ်။

– စိတ်ဖိစီးမှုကို ရှောင်ပါ

စိတ်ဖိစီးမှုက ခန္ဓာကိုယ်အတွက် ဘယ်တော့မှ မကောင်းပါဘူး။ စိတ်ဖိစီးမှုများရင် နာမကျန်းမှု အမျိုးမျိုးကိုဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တွေကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုများနေရင် အနားယူချိန်ပေးပြီး ကောင်းကောင်း အနားယူပါ။ တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ဟာသကားကြည့် တာတို့လုပ်ဆောင်ပါ။ စိတ်ဖိစီးမှုက အမွှေးရှင်သန် ကြီးထွားမှုကို ပိတ်ပင်ဟန့်တားတဲ့အပြင် အသားအရေကို ခြောက်သွေ့စေပါတယ်။

– အမွှေးအရင်းတွင် ဆီလိမ်းပါ

ဆံချည်မျှင်အိတ်ကနေ အမွေးရှင်သန်လေ့ရှိ တဲ့အတွက် အမွေးအရင်းနေရာတွေ ကျန်းမာပြီး ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ အမွေးအရင်းတွေမှာ ဆီလိမ်းပေးတာကြောင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေကို အမြန် သန်စွမ်းလာစေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top