Healthy Life Ad
Humour

ကိုယ့်ကိုယ်ကိုယ်သိလိုက်တော့

ကားတစ်စီး စိတ္တဇအကျဉ်းထောင်အနီးမှာ ဘီးပေါက်သွားတယ်။ ကားသမားကပေါက်နေတဲ့ ဘီးကိုဖြုတ်အပြီးမှာ ဘီးမှာတပ်တဲ့ မူလီတွေကိုတိုက်မိပြီး မြေအောက်ရေမြောင်းပေါက်ထဲကို အကုန်ကျကုန်ပါရော။ ကားသမားလည်း အပိုဘီးကိုပြန်တပ်ဖို့ စဉ်းစားရခက်သွားတယ်။ အဲဒီအချိန်မှာ အကျဉ်းထောင်ခြံဝန်းထဲက စိတ်ဝေဒနာသည်တစ်ယောက်က လှမ်းပြီးအကြံပေးတယ်။

“ ဒီမှာကိုယ့်လူ.. ကျန်တဲ့ဘီးသုံးလုံးက မူလီတစ်ခုစီဖြုတ်ပြီး အဲ့ဒီဘီးကိုတပ်လိုက်လေ.. ဒါဆို ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်ထိတော့ ခင်ဗျားမောင်းသွားလို့ ရပြီပေါ့”

“ ဟုတ်သားပဲ.. ကျေးဇူးပါဗျာ.. ခင်ဗျားလိုလူက ဘာလို့ဒီလိုနေရာကို ရောက်နေတာလဲ ကျွန်တော်ဖြင့် မစဉ်းစားတတ်တော့ဘူး”

“ ဒါကရှင်းပါတယ်.. ကျွန်တော်ကရူးနေလို့ ဒီကိုရောက်နေတာလေ.. ဉာဏ်တုံးလွန်းလို့ ရောက်နေတာမှမဟုတ်တာဗျ”

Most Popular

Healthy Life Ad
To Top