Healthy Life Ad
Humour

အနာနဲ့ ဆေးတည့်သွားပြီ

“ ဆရာ . . ကျွန်မယောကျာ်းက အရင်က အေးအေးဆေးဆေးသမားပါ။ အခုနောက်ပိုင်း သူအလိုမကျတာရှိလာရင် အရမ်းကိုသောင်းကျန်းပြီး လက်ပါတာတွေရှိလာလို့ အကြံပေးပါဦးရှင် . .”

အဖြစ်အပျက်တွေကို အနည်းငယ်မေးပြီး ဆရာဝန်က အမျိုးသမီးကို အကြံတစ်ခုပေးလိုက်ပါတယ်။

“ သူစိတ်တိုနေတယ်၊ အလိုမကျတာ တစ်ခုခုဖြစ်နေပြီဆိုတာနဲ့ အစ်မရေနည်းနည်းကို ငုံထားလိုက်ပါ၊ ရေကိုလုံးဝမျိုမချဘဲ သူစိတ်ငြိမ်သွားတဲ့အချိန်ထိ ဒါမှမဟုတ် အခန်းထဲဝင်သွားတဲ့အထိ ရေငုံထားလိုက်ပါ ”

နှစ်ပတ်ခန့်ကြာတော့ အဲဒီအမျိုးသမီးပြန်လာပြီး-

“ ဆရာရဲ့နည်းက တကယ်ကို ထိရောက်တာပဲ ဆရာရယ် . . သူဘယ်လောက်ပဲ ဒေါသတွေထွက်နေတာပဲဖြစ်ဖြစ် ဆရာပြောသလိုပဲ ရေငုံနေလိုက်တာမကြာဘူး . .သူတကယ်ကို ငြိမ်သွားတယ်. . ကျွန်မ ရေကို ငုံနေတာနဲ့ သူစိတ်တိုတာတွေ ဘယ်လိုလျော့ကျသွားတာလဲ ဟင် ”
“ ရေကတော့ ဘာအစွမ်းမှမရှိပါဘူး . . တစ်ခုပဲ ရေကို ငုံထားတော့ ပါးစပ်ဖွင့်လို့ မရတော့ဘူးလေ ”

Most Popular

Healthy Life Ad
To Top