Healthy Life Ad
International

ခေါင်းကို ၁၈၀ဒီဂရီ လှည့်နိုင်သည့် အိန္ဒိယကလေးငယ် ခွဲစိတ်ကုသမှုခံယူ

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံမှ အသက် ၁၃နှစ်အရွယ် မာဟင်ဒရာအဟီရာဝါဟာ လည်ပင်းကြွက်သားတွေ အားနည်းတဲ့ မွေးရာပါရောဂါတစ်ခုကို ခံစားနေခဲ့ရပါတယ်။ ရောဂါကြောင့် သူရဲ့ခေါင်းကို ဖြောင့်ဖြောင့်ထောင်နိုင်ခြင်းမရှိဘဲ ခေါင်းကို ၁၈၀ ဒီဂရီလှည့်နိုင်ခဲ့ပါတယ်။

ဆရာဝန်တွေကို သွားရောက်ပြသခဲ့ပေမယ့် ဘယ်သူမှ မကုသနိုင်ကြပါဘူး။ ဒါပေမဲ့ ယူကေနိုင်ငံ၊ လီဗာပူးမြို့မှ စေတနာရှင်တစ်ယောက်ရဲ့ ကမကထ ပြုလုပ်ပေးမှုကြောင့် ကလေးကိုခွဲစိတ်နိုင်ခဲ့ပါတယ်။ ၁၀ နာရီကြာတဲ့ ခွဲစိတ်မှုအတွင်း ကလေးရဲ့လည်ပင်းမှ အရိုးတချို့ကိုဖယ်ရှားပေးခဲ့ပြီး သူရဲ့တင်ပါးဆုံရိုးမှ အရိုးတွေနဲ့ အစားထိုးပေးခဲ့ပါတယ်။ လည်ပင်းကို ဖြောင့်ဖြောင့်ထားနိုင်အောင် သံပြားတစ်ခုကိုလည်း တပ်ဆင်ပေးခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ စေတနာရှင်တစ်ယောက်က ကလေးကို လျှပ်စစ်ကုလားထိုင်လှူဒါန်းခဲ့ပြီး ကလေးဟာ အခုအခါတီဗီကြည့်ခြင်း၊ သူငယ်ချင်းတွေနဲ့ ကစားခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ လည်ပင်းဖြောင့်စင်းခြင်းရဲ့ရလဒ်အဖြစ် အသံကိုတောင် ကျယ်ကျယ်ပြောလာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဒီလိုဘဝကနေ ပိုကောင်းလာမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အခုတော့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပါပြီ။ အောင်မြင်တဲ့လူတစ်ယောက်လည်း ဖြစ်ချင်ပါတယ်”လို့ မာဟင်ဒရာက ပြောပါတယ်။ ခွဲစိတ်မှုပြုလုပ်ပေးတဲ့ ဒေါက်တာ ခရစ်ရှနန်ကတော့ ကလေးရဲ့ဘဝကို အဓိပ္ပာယ်ရှိလာအောင်ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်း ဆိုပါတယ်။ နောက်ထပ်ခွဲစိတ်မှုတွေပြုလုပ်ဖို့ လိုအပ်နေသေးပြီး ကလေးရဲ့လည်ပင်းအခြေအနေကို စောင့် ကြည့်ရင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Most Popular

Healthy Life Ad
To Top