Healthy Life Ad
Health Tips

သရက်သီးမှည့်က အသားအရေနဲ့ ဆံပင်သားကို ဘယ်လိုအကျိုးပြုသလဲ

လရိပ်မေ
အသားအရေမှာ ဖြစ်တတ်တဲ့ အမာရွတ်၊ အမည်းစက်၊ ချွေးပေါက်ကျယ်တာစတဲ့ အပြစ်အနာအဆာတွေကို သရက်သီးမှည့်လိမ်းရင် သက်သာစေပါတယ်။

အမာရွတ်ပျောက်စေခြင်း
သရက်သီးမှာပါဝင်တဲ့ ဗီတာမင်အေက အရေပြားမှာ အမာရွတ်နဲ့ အပြစ်အနာအဆာထင်တာကို သက်သာစေပြီး အသားအရေ ကြည်လင်တောက်ပစေပါတယ်။

အမည်းစက်ကင်းစင်စေခြင်း
ကြိတ်ထားတဲ့ သရက်သီးမှည့် လက်ဖက်စား ဇွန်းတစ်ဇွန်းကို နွားနို့ လက်ဖက်စားဇွန်းတစ်ဝက်၊ ပျားရည်တို့နဲ့ ရောမွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ နာရီဝက်ကြာမှ မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်။

အရေးကြောင်း ကင်းစေခြင်း
သရက်သီးထဲက ဗီတာမင်အေနဲ့ ဗီတာမင်စီက အိုမင်းမှုတားအာဟာရတွေ ဖြစ်ကြပါတယ်။ အပိုဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်တဲ့အတွက် အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။

အသားဖြူစေခြင်း
အရေပြားပေါ် သရက်သီးမှည့်ကို ပွတ်လိမ်းပြီး အချိန် ၁၀-၁၅ မိနစ်လောက် ထားလိုက်တာကြောင့် အသားအရေကို ဝင်းပဖြူစင်စေပါတယ်။

ဝက်ခြံပျောက်ခြင်း
ရေထဲမှာ သရက်သီးမှည့်အနည်းငယ် ထည့်ပြုတ်ပေးရင် ချွေးပေါက်ကျဉ်းစေပြီး ဝက်ခြံဖုတွေကို အနာကျက်စေပါတယ်။

ချွေးပေါက်သန့်စင်စေခြင်း
သရက်သီးမှည့်နဲ့ ဂျုံလက်ဖက်စားဇွန်းတစ်ဇွန်း ရောထည့်ကာ မျက်နှာအရေပြားပေါ် သုတ်လိမ်းပေးပါ။ ချွေးပေါက်တွေကို သန့်စင်စေပါတယ်။

အသားအရေထိခိုက်မှုများကို သက်သာစေခြင်း
သရက်သီးမှည့်အနှစ်၊ ဂျုံမှုန့်နဲ့ ပျားရည်တို့ကို ဆတူရောမွှေပြီး မျက်နှာပေါ်လိမ်းကာ ပေါင်းတင်လိုက်ပါ။ အသားအရေ နီမြန်းပြီး အဖုအပိမ့်ပေါက်တာကို သက်သာစေပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top