Healthy Life Ad
Life Style

သင်အကြိုက်ဆုံး ရာသီဥတုက သင့်အကြောင်း ပြောပြနေပါတယ်

၊ ကိုထက် ၊

သင်က နွေဦးရာသီကို နှစ်သက်မြတ်နိုးသူလား

နွေဦးရာသီကို ကြိုက်နှစ်သက်သူတွေဟာ နူးညံ့တဲ့သွင်ပြင် လက္ခဏာတွေရှိသူပါ။ နွေဦးရာသီကို ကြိုက်နှစ်သက်သူတိုင်းဟာ စိတ်သဘောထားနူးညံ့ပြီး အေးအေးချမ်းချမ်းနေတတ်ကြသူတွေပါပဲ။ တစ်ဖက် သားကို အရေးတယူဆက်ဆံတတ်ကြပြီး ထောက်ထားညှာတာစိတ်လည်းရှိကြပါတယ်။ မိမိနဲ့ သိပ်ပြီးမရင်းနှီး တဲ့သူကိုပင် အားပေးစကားပြောပေးဖို့ အသင့်ဖြစ်နေသူတွေပါ။ နွေဦးရာသီကို ကြိုက်နှစ်သက်သူတွေဟာ သဘာဝတရားတွေကို သဘောကျနှစ်သက်သူတွေဖြစ်ကြပါတယ်။

ကိစ္စကြီးငယ်ဟူသမျှကို ရှုထောင့်မျိုးစုံက စဉ်းစားတွေးတောတတ်တဲ့အတွက် အပေါင်းအသင်းတွေဟာ သူတို့ပြဿနာတွေကို တိုင်ပင်ဖို့ သင့်ကို အမြဲအမှတ်ရနေတတ်ကြပါတယ်။ သင်ကကောင်းသော်လည်း သင့်အပေါ်မကောင်းတဲ့သူ ဒါမှမဟုတ် သင့်ရဲ့စေတနာတွေအပေါ်မှာ အမြတ်ယူ တဲ့သူတွေ တွေ့လာခဲ့ရင်တော့ အဲ့လိုလူကို လုံးဝလှည့်ကြည့်တော့မှာမဟုတ်တော့ပါဘူး။ အေးအေးဆေးဆေး နေတတ်တဲ့အကျင့်ကြောင့် တစ်ခါတလေ အဖော်မရှိဘဲ တစ်ယောက်တည်း နေနေရတဲ့အချိန်တွေလည်း ရှိတတ်ပါတယ်။

သင်က နွေရာသီကို နှစ်သက်မြတ်နိုးသူလား

နွေရာသီဆိုဟာ လူတွေကို နွေးထွေးခြင်းတွေနဲ့ ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ နွေရာသီကို နှစ်သက်မြတ်နိုးတဲ့ သူတွေဟာလည်း သူငယ်ချင်းအပေါင်း အသင်းတွေထဲမှာ ပျော်ပျော်ရွှင်ရွှင်အနေတတ်ဆုံးနဲ့ ပူပင်ကြောင့်ကြခြင်း ကင်းဝေးကြသူတွေဖြစ်ပါတယ်။ သင့်ရဲ့ပျော်ရွှင်တက်ကြွနေတဲ့စရိုက်က သင့်မိသားစုတွေနဲ့ အပေါင်းအသင်းတွေကိုပါတက်ကြွပြီး အကောင်းမြင်စိတ်တွေဖြစ်လာစေအောင် တွန်းအားပေးနိုင်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းဝင်ဆံ့ကြသူတွေပါ။

ဒါပေမဲ့လည်း သင်နဲ့ အယူအဆတွေ အမြင်တွေ ကွဲလွဲနေတဲ့သူတွေ တွေ့လာခဲ့ရင်တော့ ထိပ်တိုက်တွေ့ပြီး အပြိုင်ငြင်းခုံကြတာများပါတယ်။ ခေါင်းရှောင်သွားတာမျိုးမလုပ်တတ်ကြပါဘူး။ ဒါကြောင့် သင်နဲ့ အမြင် မတူသူတွေကတော့ သင့်ကို ကြမ်းတမ်းတဲ့သူလို့ မြင်တတ်ကြပါတယ်။

သင်က မိုးရာသီကို နှစ်သက်မြတ်နိုးသူလား

စိုစွတ်တဲ့ ရာသီဥတုဟာ တချို့အလုပ်အတွက် အနှောင့်အယှက်ဖြစ်တဲ့အတွက် မကြိုက်ကြတဲ့သူတွေရှိပေမယ့် ရုံးခန်းထဲမှာ၊ အိမ်ခန်းထဲမှာပဲနေပြီး အတွေးနယ်ချဲ့ဖို့အချိန်လေးလည်းရမယ်ဆိုရင် လူတိုင်းနီးပါး နှစ်သက်ကြမယ့် ရာသီဥတုလေးပဲဖြစ်ပါတယ်။ မိုးရာသီကို ကြိုက်သူတွေဟာ ထက်သန်တဲ့ စိတ်သဘောထားရှိကြပါတယ်။ အတွေးအခေါ်သမားတွေ ဖြစ်တတ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းတွေရှိကြပြီး လူမှုဆက်ဆံရေးလည်း ကောင်းကြသူတွေဖြစ်ပါတယ်။

မိုးရာသီကြိုက်သူတွေရဲ့ဟာ တစ်ဦးတစ်ယောက်အတွက်မျိုးမဟုတ်ပဲ အများအတွက် အားလုံးအတွက် တွေးပေးလေ့ရှိကြသူတွေပါ။ အပေါ်ယံ နူးညံ့တယ်လို့ထင်ရပေမယ့် အတွင်းစိတ်ကမာကျောပြီး အမြော်အမြင် ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေကြားမှာ နားလည်ရခက်တဲ့ လူတွေဖြစ်တတ်ကြပြီး သူတို့ရဲ့ အတွေးတွေက သူများတွေ အတွက်တော့ ရှုပ်ထွေးနေတတ်ပါတယ်။

သင်က ဆောင်းဦးရာသီကို နှစ်သက်မြတ်နိုးသူလား

ဆောင်ဦးရာသီဟာ အလှပဆုံး သဘာဝရှုခင်းတွေကိုပိုင်ဆိုင်တဲ့ ရာသီပဲဖြစ်ပါတယ်။ ဆောင်းဦးရာသီကို နှစ်သက်သူတွေဟာ အေးအေးလူလူနဲ့ သက်သောင့်သက်သာနေတတ်သူတွေပဲဖြစ်ပါတယ်။ အချိန် ဇယားကြီးတွေနဲ့ အစီအစဉ်တွေဆွဲပြီးနေရတာကို လုံးဝမသဘောမကျဘဲ စိတ်ထဲပေါ်လာတဲ့အချိန်မှာ စိတ်ပါတဲ့အလျောက် လုပ်ကိုင်ရတာကိုပိုုပြီး နှစ်သက်သူတွေပါ။ ဟန်ဆောင်မှုကင်းမဲ့သူတွေပဲဖြစ်ပါတယ်။ စိတ်ထဲကပေါ်လာတဲ့ ပင်ကိုစေ့ဆော်မှုတွေကို အလေးထားလုပ်ဆောင်တတ်သူတွေပဲဖြစ်ပါတယ်။

အများအားဖြင့် တစ်ယောက်တည်း စာအုပ်ဖတ်နေတာ၊ ရုပ်ရှင်ကြည့်နေတာနဲ့ အချိန်ကုန်ရတာကို သဘောကျသူတွေပါ။ ပန်းချီဆွဲတာ၊ စာရေးတာလိုမျိုး အနုပညာတွေမှာ ပါရမီပါတတ်ကြပါတယ်။ တစ်နေကုန် ဘာမှမစီစဉ်ထားပေမယ့် ညနေကျမှ လျှောက်လည်ဖို့ အတင်းလိုက်ခေါ်တာမျိုးတွေကြောင့် တစ်ခါတလေ တော့လည်း သင့်အပေါင်းအသင်းတွေစိတ်ညစ်ရတတ်ပါတယ်။ ကိုယ့်လုပ်ချင်တာနဲ့ သင့်တော်မယ့် အပေါင်းအသင်းကို သေသေချာချာရွေးချယ်ပြီး ခေါ်လေ့ရှိပါတယ်။ အသံကျယ်ကျယ်နဲ့ စကားများသူတွေလည်း ဖြစ်တတ်ပါတယ်။

သင်က ဆောင်းရာသီကို နှစ်သက်မြတ်နိုးသူလား

တချို့ဒေသတွေမှာတော့ ဆောင်းရာသီဟာနေရာတိုင်းမှာ နှင်းတွေတဖွေးဖွေးနဲ့ ဖုံးအုပ်နေပြီး သွားလာရတာ ခက်ခဲသလို ချမ်းစိမ့်နေတတ်တဲ့အတွက် မကြိုက်တဲ့သူတွေများပါတယ်။ ဒါပေမဲ့ ဆိုးဝါးတဲ့ရာသီဥတု အခြေအနေတွေမဟုတ်ခဲ့ရင်တော့ ဆောင်းရာသီကို ကြိုက်တဲ့သူတွေလည်း အများအပြားရှိပါတယ်။ ဆောင်းရာသီကို ကြိုက်နှစ်သက်သူတွေမှာ တချို့က နူးညံ့ကြင်နာတတ်ကြတယ်၊ တချို့က စိုးရိမ်စိတ် ကြီးကြတယ်။

တူညီတာတစ်ခုကတော့ အပြင်ပန်းမှာ အေးတိအေးစက်နိုင်ပါတယ်။ သူတို့ရဲ့အတွင်းစိတ်ကို ခန့်မှန်းရခက်ပြီး ခံစားချက်ကို မျိုးသိပ်ထားတတ်သူတွေပါပဲ။ အပေါင်းအသင်း အများကြီးသိပ်မထားတတ် ပါဘူး။ ရှိတဲ့အပေါင်းအသင်းပေါ်ကိုတော့ သံယောဇဉ်ကြီးတတ်ကြပါတယ်။ ဆောင်းရာသီကို ကြိုက်သူတွေက ခံစားချက်ကို မျိုသိပ်ထားတတ်တဲ့အတွက် တစ်ခါတစ်ရံ အပေါင်းအသင်းတွေနဲ့ နားလည်မှုတွေလွဲတတ်ပါ တယ်။ စိတ်ထဲက ခံစားချက်တွေကို မျိုးသိပ်ထားတဲ့အတွက် မရင်းနှီးသေးသူတွေက သင့်ကိုယုံကြည်ဖို့ ခက်နေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top