Healthy Life Ad
Q & A

အံကပ် ကြာကြာခံစေဖို့ . . .

မေး. ကျွန်တော်အံကပ်တပ်ထားရပါတယ်။ အံကပ် ကြာကြာခံအောင် ဘယ်လိုထိန်းသိမ်းသင့်ပါသလဲ ဆရာ။ ဦးလှမင်း၊ ပန်းဘဲတန်း။

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. အံကပ်ဆိုတာမျိုးက တစ်ချိန်လုံး တပ်မထားသင့်ပါဘူး။ ဖြစ်နိုင်ရင် အံကပ်တပ်တဲ့အချိန်က တစ်နေ့လုံးမှာ အချိန် ရှစ်နာရီ- ၁၀ နာရီထက် မပိုတာ အကောင်းဆုံးပါပဲ။ ညအိပ်တဲ့အချိန်တွေမှာ ချွတ်ထားရပါမယ်။ အံကပ်ကို သွားတိုက်သလိုပဲ သွားတိုက်ဆေးနဲ့တိုက်ပြီး ရေနဲ့သေချာဆေးကြောထားရပါမယ်။ တစ်ချိန်လုံး တပ်မထားသင့်ပါဘူး။ တစ်ချိန်လုံးတပ်ထားရင် အံကပ်နဲ့ ဆက်စပ်နေတဲ့သွားတွေက ပျော့လာပြီး ပိုးစားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

အံကပ်ဆိုတော့ မိမွေးတိုင်း ဖမွေးတိုင်း သွားတွေလို အမာကြီးမဟုတ်ပါဘူး။ ပါးစပ်ထဲမှာ အရှင်လိုမျိုးဖြစ်နေတဲ့အတွက် လှုပ်တုပ်လှုပ်တုပ် ဖြစ်နေပါတယ်။ သွားတစ်ချောင်းမှ မရှိဘူးဆိုတဲ့ သူတွေကတော့ အံကပ်မှမရှိရင် ပိုပြီးစားလို့ မရတဲ့အတွက် အံကပ်ရှိတာက ပိုအဆင်ပြေပါတယ်။ စားပြီးတိုင်း အံကပ်ကိုဖြုတ်ပြီး ဆေးပေးတာမျိုး ပိုလုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top