Healthy Life Ad
Child

ကလေးဆီကို ကင်ဆာရောဂါအန္တရာယ် မကျရောက်အောင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးသူငယ်တွေမှာ ဖြစ်တဲ့ ကင်ဆာအများစုဟာ မိဘအလုပ်အကိုင်၊ မိခင်ရဲ့ မျိုးဆက်ပွားရာဇဝင်၊ မိဘ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ သန္ဓေသားဘဝက မိခင်ရဲ့ အစားအသောက်နဲ့ ကလေးရဲ့ နေထိုင်စားသောက်မှုပုံစံတွေနဲ့ ဆက်နွှယ်မှုရှိပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို ကင်ဆာအန္တရာယ် မကျရောက်စေဖို့ ကာကွယ်သင့်တဲ့ နည်းလမ်းတချို့ကို မျှဝေလိုက်ရပါတယ်။

အစားအသောက်
လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် ကလေးတွေကိုစားဖို့ အားပေးသင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းပါတဲ့အဆင်သင့်စာတွေ မကျွေးသင့်ပါဘူး။

လုံလောက်သည့် ကိုယ်လက်လှုပ်ရှားမှု
ကလေးတွေကို အသက်ငယ်ငယ်ကတည်းက လေ့ကျင့်ခန်းလုပ်ဖြစ်အောင် သင်ပေးထားဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှု လုပ်တာက အထိုင်များတဲ့ နေထိုင်မှုပုံစံထက် ကင်ဆာအန္တရာယ် လျော့ကျစေပါတယ်။ လှေကားကနေ အမြင့်တက်တာ၊ အချစ်တော်ခွေးလေးနဲ့ လမ်းလျှောက်တာ၊ အပြင်ထွက်ပြီး ဂိမ်းကစားတာ၊ ရေကူးတာ စတာတွေလို ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့စဉ် လုပ်ခိုင်းသင့်ပါတယ်။

ကလေးသူငယ် အဝလွန်ခြင်း
ဒီနေ့ခေတ်မှာ အဝလွန်တာက ကလေးတွေအတွက် ကျန်းမာရေးပြဿနာကြီးတစ်ခု ဖြစ်လာပြီး ကင်ဆာရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းလည်းဖြစ်ပါတယ်။ ကလေးတွေ အဝမလွန်စေဖို့ ဖြစ်နိုင်ရင် မိသားစုနဲ့အတူ ထမင်းစားခိုင်းပါ၊ တီဗီကြည့်ချိန်ကို နှစ်နာရီအောက် လျော့ကျအောင် ကန့်သတ်ထားပါ။ ကလေးတွေကို အဆင်သင့်အစာ၊ အမြန်စာနဲ့ အချို စာတွေမစားအောင် ကန့်သတ်ထားပါ။ နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာစားပါ။

ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်ခြင်း
ကလေးတွေဟာ အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ် တိုက်ရိုက်မခံရအောင် ထားသင့်ပါတယ်။

ကလေး၏ ကိုယ်ခံအားစနစ် ကောင်းမွန်ခြင်း
ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အစာကျွေးတဲ့အခါ ဒိန်ချဉ်၊ ကြက်သွန်ဖြူ၊ အရောင်ရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်စတာတွေ ထည့်ကျွေးပါ။ လေ့ကျင့်ခန်းလုပ်တာကလည်း ကလေးရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း
ကလေးတွေကို ဆေးလိပ်သောက်တာနဲ့ အရက်သောက်တာကြောင့်ရရှိတဲ့ အန္တရာယ်တွေကို သေချာ သင်ပေးထားသင့်ပါတယ်။

အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေး ထိုးနှံပေးခြင်း
အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေးကို ကလေးဘဝမှာကတည်းက သေချာထိုးနှံပေးသင့်ပါတယ်။

(Ref;TOI)

Most Popular

Healthy Life Ad
To Top