Healthy Life Ad
Health Tips

၀က်ခြံဖုတွေကို အလွယ်ဖြေရှင်းရအောင် . .

၊ လရိပ်မေ ၊

– ပျားရည်

ဝက်ခြံဖုတွေ ပေါက်နေရင် မျက်နှာပေါ် ပျား ရည် သုတ်လိမ်းပေးတာကြောင့် မျက်နှာ အသားအရေကို ချောမွေ့စေပြီး အဖုအပိမ့်တွေ ကင်းစင်စေပါတယ်။

– သံပရာရည်

ဝက်ခြံအဖုအပိမ့်နေရာပေါ် သံပရာရည်သုတ်လိမ်းပေးပြီး မိနစ် ၂၀ ကြာထားကာ ရေနဲ့ ဆေးကြောလိုက်ပါ။

– ကြက်ဥအကာ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာကို ဝက်ခြံရှိတဲ့ အရေပြားပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ အကြာမှာ ရေနဲ့ ဆေးကြောပေးပါ။

– လက်ဖက်ဆီ

ညအိပ်ရာမဝင်ခင် ဝက်ခြံဖုပေါ် လက်ဖက်ဆီ အနည်းငယ် သုတ်လိမ်းပြီး တစ်ညတာထားပါ။

– ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ထောင်းပြီး ရလာတဲ့ အရည်ကို ရေနဲ့ရောပြီး ဝက်ခြံဖုတွေပေါ် လိမ်းကာ မိနစ် အနည်းငယ်ကြာထားပါ။

– ရှားစောင်းလက်ပပ်

ဝက်ခြံဖုနဲ့ တခြား မျက်နှာအရေပြားပေါ် ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပြီး တစ်ညတာ ထားရပါမယ်။

– ဆော်ဒါမှုန့်

ဆော်ဒါမှုန့်ကို ရေနဲ့ရောဖျော်ပြီး မျက်နှာအသားအရေပေါ် လိမ်းကာ မိနစ် ၂၀ ကြာထားပါ။

– သွားတိုက်ဆေး

သွားတိုက်ဆေးကို ဝက်ခြံအဖုတွေပေါ် လိမ်းပြီး တစ်ညတာထားပါ။ ပြီးရင် အခြောက်ခံပြီး ဝက်ခြံဖုတွေ သေးငယ်သွားအောင် လုပ်ဆောင်ပေးပါ။

Most Popular

Healthy Life Ad
To Top