Healthy Life Ad
Health Tips

အရက်နာကျခြင်းအတွက် အလွယ်ကုထုံးများ

ကိုထက်

အရက်သောက်တာများလို့ ဒါမှမဟုတ် တစ်ခါမှ မသောက်ဖူးတဲ့ အရက်ကို သောက်မိလို့ အရက်နာကျတဲ့ ဝေဒနာခံစားရချိန်မှာ အမြန်ကျန်းမာလန်းဆန်းလာအောင် လုပ်ဆောင်နိုင်မယ့် နည်းတွေကို မျှဝေလိုက်ပါတယ်။

ရေ
အရက်အလွန်အမင်းသောက်တဲ့အတွက် ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ရေဓာတ်ပြန်ပြည့်ဖို့အတွက် ရေနှစ်လီတာထဲ ဆား လက်ဖက် စားဇွန်း တစ်ဝက်ခန့်ထည့်ပြီး သောက်ပါ။

အုန်းရည်
အုန်းရည်မှာ ဓာတ်ဆားပါဝင်မှုများတဲ့အတွက် အရက်နာကျချိန်မှာ ကုန်ဆုံးသွားတဲ့ဓာတ်တွေကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်
သံပရိုသီး၊ သကြား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်မှာ အာဟာရဓာတ် အပြည့်အဝပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်။

ကြက်သီးနွေးရေချိုးခြင်း
ကြက်သီးနွေးရေထဲ မုန်ညင်းရွက်ကြိတ်ချေပြီး ထည့်ကာ ရေချိုးပေးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်သွားစေပါတယ်။

လိမ္မော်ရည်
လိမ္မော်ရည်ထဲမှာ ဖရက်တို့စ် ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်နှုန်းကို ကောင်းမွန်စေပြီး သင့်ကိုယ်တွင်း အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း
သင့်ခန္ဓာကိုယ်က အနည်းငယ်လှုပ်ရှားမှု လုပ်နိုင်တယ်ဆိုရင် ပေါ့ပါးတဲ့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ထွက်ရှိသွားကာ အနည်းငယ် နေထိုင်ကောင်း လာမှာပါ။

အိပ်စက်ခြင်း
အရက်နာကျနေချိန်မှာ သင့်ခန္ဓာကိုယ်က အကြာကြီး အနားယူဖို့ လိုအပ်နေပါတယ်။ နောက်တစ်နေ့မှာ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အနားယူပြီး အိပ်ရေးဝ၀ အိပ်စက်ပေးရပါမယ်။ ဒါမှသာ အရက်နာကျတဲ့ ဝေဒနာက ဖြည်းဖြည်းချင်း သက်သာသွားမှာပါ။

Ref; HD

Most Popular

Healthy Life Ad
To Top