Healthy Life Ad
Q & A

Pap smear စမ်းသပ်နည်း

မေး. ဆရာရှင့် . .သမီးအသက်က ၂၆ နှစ်ပါ။ အိမ်ထောင်ကျတာ သုံးနှစ်လောက်ရှိပါပြီ။ Pap smear ယူဖို့ လိုအပ်ပါလားရှင့်။ Pap smear က အသက် ၃၀ ကျော်မှယူရတယ်ဆိုတာ ဟုတ်ပါလားရှင့်။

ဒေါက်တာစိုးလွင်
(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှဖြေကြားသည်

ဖြေ. အမျိုးသားတစ်ယောက်နဲ့ လိင်ဆက်ဆံပြီဆိုရင် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးမှု (Pap smear) ယူလို့ရပါပြီ။ ယူသင့်ပါပြီ။ အသက် ၃၀ ကျော်မှ စယူရတယ်ဆိုတာမဟုတ်ပါဘူး။ အသက် ၃၀ ကျော်လည်း အပျိုကြီးဆိုရင်တော့ စစ်ဖို့မလိုဘူးပေါ့။ စပြီးလိင်ဆက်ဆံပြီဆိုတာနဲ့ Pap smear ယူဖို့လိုအပ်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုးက လိင်ဆက်ဆံရာကနေ ကူးစက်တတ်လို့ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက် စတင်လိင်ဆက်ဆံပြီးပြီဆိုရင် Pap smear စစ်လို့ရနေပါပြီ။ ဒီစစ်ဆေးနည်းက သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်တွေကိုသိရှိဖို့ စစ်တဲ့နည်းဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top