Healthy Life Ad
International

ပုံစံတူအမြွှာညီအစ်မက နောက်ထပ်အမြွှာနှစ်စုံစီ မွေးဖွား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ မိသားစုတစ်ခုဟာ ကောင်းခြင်းမင်္ဂလာအခါသမယတွေနဲ့ ပြည့်စုံနေပါတယ်။ အူတာပြည်နယ်၊ စီဘီအက်စ်ဆော့လိတ်မြို့မှာ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တာပါ။ ဒါကတော့ ပုံစံတူ အမြွှာညီအမနှစ်ယောက်က နောက်ထပ်အမြွှာနှစ်စုံစီကို မွေးဖွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကယ်ရီဘန်ကာနဲ့ကယ်လီဝေါဆိုတဲ့ အမြွှာနှစ်ယောက်မှာ ၅နှစ်အောက်ကလေး စုစုပေါင်း ၉ ယောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ကယ်လီက ၂၀၁၀ အောက်တိုဘာတုန်းက ဖန်ပြွန်သန္ဓေသားနည်းနဲ့ပထမအမြွှာတစ်စုံကို မွေးဖွားနိုင်ခဲ့ပြီး ၁၁ လကြာပြီးနောက်မှာ ကယ်ရီကလည်း အလားတူနည်းနဲ့ပဲ ပထမအမြွှာတစ်စုံကို မွေးဖွားခဲ့ပါတယ်။

ကယ်ရီက ဖန်ပြွန်သန္ဓေသားနည်းနဲ့ နောက်ထပ်ကလေးယူဖို့အတွက် မျိုးဥတွေကို အအေးခံထားခဲ့ပေမယ့်လည်း ဒီမျိုးဥတွေကို သုံးစရာမလိုဘဲ တတိယမြောက်ကလေးကို သဘာဝအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။

“ကျွန်မတို့ ပုံမှန်အတိုင်း ကလေးမရနိုင်တော့ဘူးလို့ ပြောကြပေမယ့်လည်း ဒီလိုသဘာဝအတိုင်း ကလေးရခဲ့တာ ပျော်ရွှင်စရာပါ”လို့ ကယ်ရီကပြောပြပါတယ်။ သူရဲ့ပုံစံတူအမြွှာကယ်လီကတော့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးရဖို့ ဆက်လက်ကြိုးစားခဲ့ရာမှာ လွန်ခဲ့တဲ့ ဇွန်လက ကိုယ်ဝန်ရှိခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာ နောက်ထပ်အမြွှာပဲလို့ ဆရာဝန်တွေက ကယ်လီကို ပြောပြခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ကယ်ရီကလည်း ကိုယ်ဝန်ရှိ၊ မရှိစမ်းသပ်ခဲ့ပြီး သူ့မှာလည်း ကိုယ်ဝန်ရှိနေတာကို အံ့သြစရာ ကောင်းစွာသိရှိခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူကလည်း နောက်ထပ်အမြွှာတစ်စုံကို ရရှိမယ်လို့ သိခဲ့ရပြန် ပါတယ်။ “မယုံနိုင်စရာပါပဲ။ ကျွန်မတို့ အမေနဲ့အဖေကတော့ အရမ်းပျော်ရွှင်နေပြီး ကလေးတွေက ကိုယ်နဲ့ထိုက်တန်လို့ ရရှိတာလို့ ပြောပါတယ်။ တကယ့်အံ့ဖွယ်ပါပဲ”လို့ ကယ်ရီကဆိုပါတယ်။

ကယ်ရီက သူရဲ့အငယ်ဆုံးအမြွှာကို ၁၃ ဖေဖော်ဝါရီ ၂၀၁၆ ရက်ကမွေးဖွားခဲ့ပြီး ကယ်လီက ၃ ပတ်စောပြီး မွေးဖွားနိုင်ခဲ့ပါတယ်။
ကယ်ရီတို့မိသားစုဟာ ကယ်လီတို့ အိမ်ကပ်ရပ်မှာ အိမ်အသစ်တစ်လုံးဆောက်နေပြီး ကလေး ၉ ယောက်လုံးကို အတူတကွ ကြီးပြင်းစေမယ်လို့ မိသားစုနှစ်စုလုံးက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top