Healthy Life Ad
Health Tips

ခြေကျင်းဝတ် သန်စွမ်းစေမည့် လေ့ကျင့်ခန်း

ခြေကျင်းဝတ်နဲ့ ခြေသလုံးသန်စွမ်းပြီး ညောင်းညာကိုက်ခဲမှုမဖြစ်စေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။


(၁) ခြေဖနောင့် မြှင့်လိုက်၊ နှိမ့်လိုက် လေ့ကျင့်ခန်း
ခြေထောက်ကို ကြမ်းပြင်ပေါ် စုံရပ်ပြီး ခြေဖနောင့်ကို မြှင့်လိုက်၊ နှိမ့်လိုက် အကြိမ် ၂၀ ပြုလုပ်ပေးပါ။


(၂) ပြင်ပသို့လှည့်ပြီး ခြေဖနောင့် မြှင့်လိုက်၊ နှိမ့်လိုက်လေ့ကျင့်ခန်း
ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်ရပ်ကာ ခြေဖနောင့်ချင်း စုံရပ်ပြီး ခြေဖနောင့်ကို မြှင့်လိုက်၊ နှိမ့်လိုက် အကြိမ် ၂၀ ပြုလုပ်ပေးပါ။


(၃)ခြေဖမိုးချင်းစုံပြီး မြှင့်လိုက်၊ နှိမ့်လိုက်လေ့ကျင့်ခန်း
ခြေဖမိုးနှစ်ဖက်ကိုထိပြီး ခြေဖနောင့်ကို မြှင့်လိုက်၊ နှိမ့်လိုက် အကြိမ် ၂၀ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။


(၄) ဆွဲဆန့် လေ့ကျင့်ခန်း
ပုံမှာ ပြထားတဲ့အတိုင်းကြမ်းပြင်ပေါ် ခြေဆန့် ထိုင်ကာ ဆွဲဆန့်နိုင်တဲ့ကွင်းနဲ့ ခြေဖမိုးမှာချိတ်ပြီး ဆွဲဆန့်လိုက်၊ ပြန်ဖြေလျှော့လိုက် လုပ်ပေးရမှာပါ။ ပြီးရင် တခြားခြေထောက်ကို ပြောင်းလုပ်ပေးပါ။


(၅) ဖနောင့်ထောက်ပြီး လမ်းလျှောက်ခြင်း
ဖနောင့်ထောက်ပြီး ရှေ့နဲ့နောက်ကို ခြေလှမ်း စိတ်စိတ်နဲ့ အလှမ်း ၂၀လောက်လှမ်းပေးပါ။

Most Popular

Healthy Life Ad
To Top