Healthy Life Ad
International

နှစ် ၃၀ ကြာအတိတ်မေ့နေသည့် ကနေဒါနိုင်ငံသား အတိတ်ကိုပြန်သတိရလာပြီး မိသားစုနှင့်တွေ့ဆုံရန် ပြင်ဆင်

၊ မိုးမင်းထွန်း ၊

လွန်ခဲ့တဲ့နှစ် ၃၀ က ပျောက်ဆုံးသွားတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ဟာ အတိတ်ကို ပြန်လည်သတိရလာပြီး မိသားစုနဲ့ ပြန်လည်တွေ့ဆုံဖို့ ပြင် ဆင်နေပါတယ်။အသက် ၂၁ နှစ်အရွယ် အက်ဂ္ဂါလက်ကျူလစ်ဟာ မသန်စွမ်းကူညီစောင့် ရှောက်ရေးဂေဟာမှ ၁၉၈၆ ခုနှစ်တုန်းက ပျောက်ဆုံးသွားခဲ့ပါတယ်။သူဟာ ဘက်စကားတစ်စင်းနဲ့ လိုက်ပါသွားခဲ့ပြီး အဲဒီနောက် ဦးခေါင်း ဒဏ်ရာရခဲ့ကာ အတိတ်တွေ မေ့သွားခဲ့တယ်လို့ ရဲတွေက ယူဆပါတယ်။လက်ကျူလစ်ဟာ အတိတ်ကိုမှတ်မိခြင်းမရှိဘဲ နိုင်ရာဂရာဒေသမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး မကြာသေးခင်ကမှ အတိတ်ကို သတိရလာခဲ့တာပါ။

သူဟာ လူမှုရေးလုပ်သားတစ်ယောက်ကို သူရဲ့နာမည်အရင်းကိုပြောပြခဲ့ပါတယ်။ အဲဒီ့လုပ်သားဟာ အင်တာနက်မှာ ရှာဖွေခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၃၀ က ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်အကြောင်းကို တွေ့ရှိခဲ့ပါတယ်။

“DNA စစ်ဆေးမှုရလဒ်အရ လက်ကျူလစ်ရဲ့ အတိတ်က မှန်ကန်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်ရဲ့ ရဲသက်တမ်း ၁၈ နှစ်အတွင်းမှာ ဒီလို အမှုမျိုးကို မတွေ့ခဲ့ဖူးပါဘူး။ ဒါမျိုးကို ရုပ်ရှင်တွေထဲမှာပဲ တွေ့ခဲ့ဖူးတာပါ”လို့ လက်ကျူလစ်ရဲ့အတိတ်ကို ကူညီစုံစမ်းပေးတဲ့ နိုင်ရာဂရာရဲအဖွဲ့မှ ဖီးလစ်ဂါဗင်က ပြောပါတယ်။

သူ့မိခင် ဆီဗီရာဝီလ်ဆင်က ဒီသတင်းကိုကြားကြားချင်း အံ့သြတုန်လှုပ်ခဲ့ရတယ်လို့ ပြောပါတယ်။ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပြီး မတွေ့ရှိခဲ့တာကြောင့် စိတ်ဖွံ့ဖြိုးမှုနောက်ကျရောဂါရှိတဲ့ သူရဲ့သားဟာ သူကိုယ်တိုင်ကြောင့်သော်လည်းကောင်း၊ တခြား သူတစ်ယောက်ကြောင့်သော်လည်းကောင်း သေဆုံး သွားပြီထင်ခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။ နိုင်ရာဂရာရဲအဖွဲ့ဟာ လက်ကျူလစ်ကို သူရဲ့မိသားစုနဲ့ ပြန်လည်တွေ့ဆုံပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

(Ref; BBC)

Most Popular

Healthy Life Ad
To Top