Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ပြီးချိန် စားသင့်သည့်အစာများ

၊ လရိပ်မေ ၊

ပရိုတင်းဓာတ်
တစ်သျှူးတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ ကြွက်သားတွေကြီးထွားသန်စွမ်းဖို့ ပရိုတင်းဓာတ်လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ရရှိစေဖို့ စားသင့်တဲ့အစာတွေက အဆီနည်း အသား၊ ဥအမျိုးမျိုး၊ ဒိန်ခဲ၊ ပဲအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။

ကာဗိုဟိုက်ဒရိတ်ဓာတ်
လေ့ကျင့်ခန်းလုပ်ပြီးချိန် စွမ်းအင်ရရှိဖို့အတွက် ကာဗိုဟိုက်ဒရိတ်ဓာတ်လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရရှိစေဖို့ စားသင့်တဲ့အစာတွေက ပေါင်မုန့်ညို၊ ငှက်ပျောသီး၊ အာလူး စတာတွေဖြစ်ကြပါတယ်။

အဆီဓာတ်
လေ့ကျင့်ခန်းလုပ်ပြီးချိန် ကြွက်သားတွေ ပြန်လည်သန်စွမ်းကျန်းမာလာစေဖို့ စွမ်းအင်ရရှိအောင် အဆီကပံ့ပိုးပေးပါတယ်။ ကောင်းမွန်တဲ့အဆီဓာတ်တွေပါဝင်တဲ့ အစာတွေက ထောပတ်သီး၊ သီဟိုဠ်စေ့လို အခွံမာတဲ့ အစေ့အဆန်၊ သံလွင်ဆီ စတာတွေဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top