Healthy Life Ad
Health Tips

စိုပြည်ဝင်းပသည့် အသားအရေ ပိုင်ဆိုင်လိုသူပျိုမေတိုင်း သိထားသင့်သည့် သဘာဝ အိမ်တွင်းကုထုံးများ

လရိပ်မေ
ခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့ အသားအရေ ရှိပေမယ့် ဓာတုပစ္စည်းပါတဲ့ အလှကုန်တွေ မသုံးချင်တဲ့အခါ ထိရောက်လွယ်ကူတဲ့ သဘာဝ အိမ်တွင်းပစ္စည်းတွေနဲ့ ကုသမှု ခံယူလိုက်ပါ။

milk

(၁) နွားနို့
နွားနို့မှာ လက်တစ်အက်ဆစ် ပါဝင်တဲ့အတွက် အသားအရေကို ချောမွေ့စေပါတယ်။ ဒါ့အပြင်မျက် နှာသစ်ပြီး နွားနို့လိမ်းလိုက်တဲ့အခါ မျက်နှာပေါ်က အပြစ်အနာအဆာတွေ ကင်းစင်ပြီး အသားအရေ စိုပြည်ချောမွေ့စေပါတယ်။

13

(၂) ထောပတ်
ထောပတ်မှာ ဗီတာမင်အေပါဝင်တဲ့အတွက် အရေပြားရဲ့ အပေါ်ယံလွှာကို စိုပြည်စေပါတယ်။ ဒီဗီတာမင်က အရေပြားခြောက်သွေ့မှုကို သက်သာစေပြီး နှင်းခူ၊ နေလောင်တာနဲ့ အင်းဆက်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

470704-Oil-1353786068-267-640x480

(၃) သံလွင်ဆီ
သံလွင်ဆီက သွေးတိုးကျစေပြီး သွေးတွင်းကို လက်စထရော လျော့ကျစေပါတယ်။ ဒါ့အပြင် နှလုံးရောဂါထခြင်း (Heart Attack) အန္တရာယ်လျော့နည်းပြီး ကင်ဆာအမျိုးမျိုးကို တွန်းလှန်ပေးနိုင်ပါတယ်။ လေ့လာမှုအရ သံလွင်ဆီက အရိုးထုထည်ဆုံးရှုံးမှုကို တွန်းလှန်ပေးပြီး ရောင်ရမ်းမှုလျော့ နည်းကာ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့ သိရပါတယ်။

သံလွင်ဆီကို အသားပပ်တဲ့အရေပြားမှာ သုတ်လိမ်းပေးတာကြောင့် အသားအရေ စိုပြည်စေပါတယ်။ သံလွင်ဆီမှာ လီနိုလင်းနစ်အက်ဆစ်လို့ခေါ်တဲ့ အသားအရေကို အစိုဓာတ်မဆုံးရှုံးစေအောင် ကာကွယ်ပေးတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။
လေ့လာမှုတွေအရ သံလွင်ဆီက ကောင်းမွန်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဖြစ်ကာ အရေပြား ဝေဒနာတွေဖြစ်တဲ့ နှင်းခူ၊ အရေပြားရောင်ရမ်းမှုနဲ့ ဆိုးရီးယေးစစ်တွေကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျပြီး အပူလောင်ဒဏ်ရာတွေကို အနာကျက်စေပါတယ်။

avocado

(၄) ထောပတ်သီး
ထောပတ်သီးမှာ ပါဝင်တဲ့ အဆီက အသားအရေကို စိုပြည်စေပါတယ်။ ထောပတ်သီးမှာ အဆီ၊ ဗီတာမင်အေ၊ ဒီနဲ့အီးပါဝင်မှု မြင့်မားတဲ့အတွက် အရေပြားမှာ အစိုဓာတ်ထိန်းပေးပြီး အရေးကြောင်းဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ကြိတ်ချေထားတဲ့ ထောပတ်သီးကို ခြောက်သွေ့တဲ့ အသားအရေပေါ်လိမ်းပြီး အချိန် ၁၀-၁၅ မိနစ်ကြာမှ ရေဆေးချလိုက်ပါ။

heny

(၅) ပျားရည်
ရေနွေးကြမ်းထဲ ပျားရည်ထည့်သောက်တာကြောင့် သင့်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အဲဒီလိုပဲ ပျားရည်ဟာ သင့်အသားအရေအတွက်လည်း ကောင်းကျိုးရှိပါတယ်။ ပျားရည်က သဘာဝ အစိုဓာတ်ထိန်းအာနိသင်ရှိပြီး ပိုးသတ်နိုင်စွမ်း၊ ဘက်တီးရီးယားတွန်းလှန်နိုင်စွမ်းနဲ့ ရောင်ရမ်းမှုကို ဟန့်တားနိုင်စွမ်း အသီးသီးရှိပါတယ်။ပျားရည် ထမင်း စားဇွန်းနှစ်ဇွန်းကို ရေထမင်းစားဇွန်းနှစ်ဇွန်း ထဲဖျော်ပြီး အရေပြားပေါ်လိမ်းကာ အချိန် ၁၀ မိနစ်ခန့်ထားပါ။ ပြီးမှရေနဲ့ဆေးချလိုက်ရမှာ ဖြစ်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top