Healthy Life Ad
Health Tips

လိင်ဆန္ဒ ပျက်ပြယ်စေသည့် အံ့ဖွယ်အကြောင်းများ

ကိုထက်
စိတ်ဖိစီးမှုများတာနဲ့ တခြားမကောင်းတဲ့ အမူအကျင့်တွေကြောင့် လိင်ဆန္ဒလျော့ကျတတ်မှန်းသိပေမယ့် တစ်ခါတစ်ရံမှာ သင်ထင်မှတ်မထားဘဲ အောက်ပါအကြောင်းတွေကြောင့်လည်း လိင်ဆန္ဒ ထိခိုက်ရတတ်ပါတယ်။

အရက်အလွန်အမင်း သောက်လို့ပါ
အရက်အလွန်အမင်းသောက်တာကြောင့် စိတ်ဓာတ်ကျတတ်သလို လိင်ဆန္ဒလည်း လျော့နည်းတတ်ပါတယ်။

ဆေးတချို့ကြောင့်ပါ
စိတ်ကျရောဂါကုသဆေးတချို့၊ သွေးတိုးကျဆေးတချို့စတဲ့ ဆေးတွေကြောင့် လိင်ဆန္ဒလျော့နည်းသလို ခံစားရရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးအမျိုးအစား ပြောင်းကြည့်ပါ။

သူငယ်ချင်းတွေနဲ့ အချိန်များများ ဖြုန်းလိုက်လို့ပါ
ညဉ့်နက်တဲ့အထိ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေတာကြောင့် မောပန်းနွမ်းနယ်ရာလိင်ဆန္ဒ လျော့ကျရတတ်ပါတယ်။

အိပ်ရာထဲ အွန်လိုင်းသုံးနေလို့ပါ
အိမ်ထောင်သည်တွေအတွက် အိပ်ရာထဲမှာ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်သုံးတာ၊ အလုပ်ကိစ္စလုပ်တာတွေ မလုပ်သင့်ပါဘူး။ အိပ်ရာထဲ ဝင်တဲ့အခါ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ စတာတွေကို ပိတ်ထားသင့်ပါတယ်။

အိပ်ရေးဝ၀ မအိပ်ရလို့ပါ
အိပ်ရာဆိုတာ အိပ်စက်ဖို့အတွက်ပဲ ဖြစ်သင့်ပေမယ့် တခြားအလုပ်တွေ လုပ်နေတာကြောင့် ညစဉ်အိပ်ချိန်က ၇-၈ နာရီတောင် မရှိဘူးဆိုရင် လိင်ဆန္ဒ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့် ကိုယ်အလေးချိန်မြင့်တက်တဲ့အပြင် လိင်ဆန္ဒကိုပါ ထိခိုက်မှုဖြစ်တတ်ပါတယ်။

ကိုယ်အလေးချိန် အများကြီးတက်လာလို့ပါ
ကိုယ်အလေးချိန်များတာကြောင့် လိင်ဆန္ဒလျော့နည်းလာတာက အကြောင်းရင်းနှစ်ခုကြောင့်ပါ။ တစ်ခုက ပုံမှန်ဟော်မုန်းအဆင့် ဟန်ချက်ညီမျှမှု ထိခိုက်တာကြောင့် လိင်ဆန္ဒ လျော့နည်းရတာပါ။ ဒုတိယ တစ်ချက်က ဆီးချိုရောဂါလို အဝလွန်ရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာကြောင့် လိင်ဆန္ဒလျော့နည်းရတာပါ။ နောက်ဆုံးမှာတော့ ကိုယ်အလေးချိန်များတဲ့အတွက် စွမ်းဆောင်ရည် လျော့ကျရတာဖြစ်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top