Healthy Life Ad
International

ဆော်ဒါမှုန့်က သဘာဝနည်းဖြင့် ကလေးမွေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို ၂၀ ရာခိုင်နှုန်း လျော့ကျစေနိုင်

၊ ကိုထက် ၊

ဆော်ဒါမှုန့်က ကိုယ်ဝန်ဆောင်ကလေးမွေးရာမှာ ဗိုက်ခွဲမွေးဖွားတာကို ရှောင်လွှဲနိုင်ဖို့ကူညီနိုင်တယ်လို့ လေ့လာမှုကဆိုလိုက်ပါတယ်။ ဆော်ဒါမှုန့်ကို ရေနဲ့ဖျော်သောက်ရင် သဘာဝနည်းနဲ့ ကလေးမွေးတဲ့အခါ ကြုံတွေ့ရတဲ့ မိခင်တွေရဲ့ အခက်အခဲကို ၁၇ နဲ့ ၂၀ ရာခိုင်နှုန်းကြား လျော့ကျစေနိုင်တယ်လို့ လေ့လာမှုအရ တွေ့ရှိရပါတယ်။

ဆော်ဒါမှုန့်က သားအိမ်ထဲက အက်စစ်ကိုဓာတ်ပြယ်စေတဲ့အတွက် အမျိုးသမီးတွေကို မိန်းမကိုယ်လမ်းကြောင်းကနေ မွေးဖွားရလွယ်ကူစေတာဖြစ်တယ်လို့ လစ်ဗာပူးတက္ကသိုလ်မှ ပါမောက္ခဆူဆန်က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဆော်ဒါမှုန့်ကို စူပါမားကတ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ရနိုင်ပါတယ်။

ယူကေမှာ အမျိုးသမီးလေးယောက်အနက် တစ်ယောက်က ဗိုက်ခွဲ ကလေးမွေးဖွားနေပါတယ်။ ယေဘုယျအားဖြင့် အန္တရာယ်ကင်းပေမယ့် ဗိုက်ခွဲကလေးမွေးတာကြောင့် သွေးခဲတာ၊ သွေးထွက်များတာနဲ့ ဝမ်းဗိုက်တွင်း ပိုးဝင်တာတို့လို နောက်ဆက်တွဲ ဆိုးကျိုးလေးတွေဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

ယခုလေ့လာမှုအရ ကလေးမွေးရခက်တဲ့ ဒါမှမဟုတ် ကလေးမွေးရာမှာ နှေးတဲ့ မွေးခါနီး အမျိုးသမီး ၂၀ဝ ဦးကို လေ့လာခဲ့ရာမှာ အမျိုးသမီးတချို့ကို ဆော်ဒါမှုန့်ထည့်ထားတဲ့ ရေသောက်စေပြီး တစ်နာရီအကြာမှာ အောက်ဆီတိုစင်ဟော်မုန်းပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ သားအိမ်ညှစ်အား ပိုကောင်းလာတာကို တွေ့ရပါတယ်။

တခြားအမျိုးသမီးအုပ်စုကိုတော့ ဆော်ဒါမှုန့်အရည်မတိုက်ဘဲ အောက်ဆီတိုစင်ကိုပဲ ပေးခဲ့ရာမှာ သားအိမ်ညှစ်အား သိသိသာသာ ကောင်းမလာခဲ့ပါဘူး။ ဆော်ဒါမှုန့်က ရိုးရိုးမွေးမယ့် အမျိုးသမီးတွေအတွက် ကုန်ကျစရိတ်သက်သာပြီး ထိရောက်တဲ့နည်းလမ်းလို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top