Healthy Life Ad
Health Tips

၀က်ခြံဖြစ်လွယ်သည့် အသားအရေပိုင်ရှင်တို့ ပြစ်မျိုးမှဲ့မထင် လှပစေမည့် အစာများ

ငွေကြယ်စင်ယံ

အရေပြားရှိ အဆီဂလင်းကနေ ဆီကြည် အထွက်များရင် ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဝက်ခြံထွက်လွယ်သူတွေအနေနဲ့ စူပါအစာတွေ စားတာကြောင့် ဝက်ခြံကင်းစင်စေရုံသာမက အသားအရေ ပြဿ နာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၁) ဘယ်ရီသီးများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှု များပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ခန္ဓာကိုယ်ကနေ ဖရီး ရယ်ဒီကယ်လ်တွေကို ထိထိရောက်ရောက်တွန်းလှန်တဲ့နည်းနဲ့ ကာကွယ်ပေးပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ကင်ဆာ၊ နှလုံးရောဂါ၊ ဝက်ခြံပေါက်တာတို့ မဖြစ်အောင် ကာကွယ်ပေးသလို အိုမင်းမှုကိုလည်း ဟန့်တားပေးပါတယ်။

(၂) အုန်းဆီ
အုန်းသီးဟာ အသားအရေနဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။ အုန်းဆီက ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို ကင်းစင်စေပါတယ်။ အုန်းဆီမှာ ဖက်တီးအက်ဆစ်ပါဝင်တာကြောင့် အိုမင်းမှုဖြစ်စဉ်ကို လျော့ကျစေသလို လာရစ်အက်ဆစ်ပါဝင်တဲ့အတွက် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်း ဂတ်စ်တွေကို ဟန့်တားပေးပါတယ်။ အုန်းဆီက ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

(၃) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်ရွက်၊ ကိုက်လန်စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနိစ်ပါဝင်ပါတယ်။ ဒီ ဟင်းသီးဟင်းရွက်တွေစားတာကြောင့် အသားအ ရေမှာ ကော်လာဂျင်အသစ်ဖြစ်ပေါ်စေပြီး အသားအရေကြည်လင်ကာ ဆွဲဆန့်အား ကောင်းမွန်စေပါတယ်။ ဗီတာမင်အေ ပါဝင်တဲ့အတွက် ဝက်ခြံနဲ့ တခြား အရေပြား ပြဿနာတွေ ကင်းစင်စေပါတယ်။

(၄) ထောပတ်သီး
ထောပတ်သီးမှာ ဗီတာမင်ဘီ ပါဝင်တဲ့အတွက် ရောင်ရမ်းမှုကို တွန်းလှန်ပေးပါတယ်။ ဗီတာမင်အေ၊ ဒီနဲ့အီးလည်း ပါဝင်တာကြောင့် ဆဲလ်တွေကို ပွား များစေတဲ့အပြင် ဝက်ခြံ၊ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ တခြားအရေပြားရောဂါတွေကို သက်သာစေပါတယ်။

(၅) ငါး
အိုမီဂါ ၃ဖက်တီးအက်ဆစ်ပါဝင်တဲ့ အဆီများတဲ့ ငါးတွေက အသားအရေကို ကျန်းမာစေပါတယ်။ အိုမီဂါ ၃ ဖက်တီး အက်ဆစ်က အသားအရေကို စိုပြည်ပျော့ပျောင်းစေပြီး နေရောင်ခြည်ဒဏ်ကြောင့် အရေပြားထိခိုက်မှုကို လျော့ကျစေပါတယ်။

(၆) မှို
မှိုမှာ ဗီတာမင်ဘီ၊ အထူးသဖြင့် ရိုင်ဘိုဖလေဗင် ပါဝင်တာကြောင့် အသားအရေတစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပြီး ထိန်းသိမ်းနိုင်ပါတယ်။ ဝက်ခြံနဲ့ အရေပြား အပြစ်အနာအဆာ ဖြစ်နှုန်းကိုလည်း လျော့ပါးစေပါတယ်။

(၇) သရက်သီး
သရက်သီးမှာ ဗီတာမင်အေများစွာ ပါဝင်တာကြောင့် အသားအရေကို ပြန်လည်ပြုပြင်ပေးပြီး အ သားအရေ တင်းရင်းချောမွေ့စေပါတယ်။ သရက်သီး စားရင် ဝက်ခြံ၊ အမည်းစက်နဲ့ အရေပြားကင်ဆာတို့  ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၈) ဆန်လုံးညို
ဆန်လုံးညိုမှာ ဗီတာမင်ဘီများစွာ ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကို တွန်းလှန်ပေးပါတယ်။ ဆန်လုံးညိုမှာ ပရိုတင်းဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အင်တီအောက် ဆီးဒင့်တို့ သိသိသာသာ ပါဝင်နေပါတယ်။ ဗီတာမင်ဘီပါတဲ့အတွက် ခန္ဓာကိုယ်ထဲက ဟော်မုန်းအဆင့်ကို ထိန်းညှိပေးပြီး အရေပြား အပြစ်အနာအဆာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၉) ကြက်သွန်ဖြူ
ကြက်သွန်ဖြူက ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်တဲ့ စူပါအစာပါ။ ကြက်သွန်ဖြူမှာ အယ်လီစင်ဓာတ် ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်။

(၁၀) ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်အေ၊ ကေ၊ စီ၊ အီးနဲ့ ဘီတို့ ပါဝင်တဲ့အတွက် အသားအရေကို သန့်စင်စေပါတယ်။ အင်တီအောက်ဆီးဒင့်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပြီး အသားအရေကို တင်းရင်းစိုပြည် စေပါတယ်။

Ref; HP

Most Popular

Healthy Life Ad
To Top