Healthy Life Ad
Health Tips

ည ည နှစ်ခြိုက်စွာအိပ်မောကျလေ့ရှိသူ အမျိုးသားတို့၏အိပ်ခန်းတွင်း အမူအကျင့်ခြောက်မျိုး

ကိုမိုး

ညဘက်မှာ အချိန်ရှစ်နာရီလောက် အိပ်မောကျလေ့ရှိသူတို့ရဲ့ အိပ်ခန်းထဲမှာရှိတဲ့အမူအကျင့်တွေနဲ့ သူတို့ဘာကြောင့် ညညအိပ်ရေးဝ၀ အိပ်မောကျရသလဲဆိုတာသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

– အခန်းအပူချိန်

အိပ်ခန်းကအေးမြပြီး တိတ်ဆိတ်နေတယ်ဆိုရင် ညညအိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ အခန်းအပူချိန်က ၆၅ ဒီဂရီဖာရင်ဟိုက်ဆိုရင် ညဘက်မှာနှစ်နှစ်ခြိုက်ခြိုက်နဲ့ ကြာကြာအိပ်ပျော်စေနိုင်ပါတယ်။

အခန်းကပူလေလေ၊ အိပ်ချိန်တိုတောင်းပြီး မြန်မြန်နိုးလာလေလေ ဖြစ်ပါတယ်။ အခန်းအပူချိန်က အေးမြနေမှသာ ဦးနှောက်ထဲကအပူချိန်ကို ထိန်းညှိပေးတဲ့ ဟိုက်ပိုသားလမတ်စ်က အေးမြနေမှာပါ။

– သန့်ရှင်းသည့် ကြမ်းပြင်

အခန်းထဲမှာရှုပ်ပွနေတဲ့ အဝတ်အစား၊ လုပ်ငန်းခွင်စာရွက်စာတမ်းတွေ၊ ထိုင်ခုံပေါ်မှာပုံနေတဲ့ စာအုပ်တွေ စတာတွေပြည့်နေရင် အဲဒီလိုရှုပ်ထွေးတဲ့ပတ်ဝန်းကျင်ကြောင့် စိတ်ဖိစီးမှုဖြစ်နိုင်ပါတယ်။ တကယ်တော့ သင့်အိပ်ခန်းက သက်သောင့်သက်သာ ရှိသင့်ပါတယ်။ အခန်းထဲမှာ တွဲလောင်းချိတ်ထားတဲ့ အဝတ်အစားတွေမရှိဘဲ ရှင်းလင်းနေရင် အိပ်ရေးဝ၀အိပ်မောကျဖို့အတွက် အကောင်းဆုံးပါ။

– နည်းပညာအသုံးအဆောင်

နည်းပညာအသုံးအဆောင်တွေကို သုံးမယ်ဆိုရင် အိပ်ချိန်မတိုင်ခင် အနည်းဆုံးတစ်နာရီခွာပြီး သုံးရပါမယ်။ အိပ်ရာထဲမှာ ဖုန်းနဲ့ဖေ့စ်ဘွတ်ခ်သုံးတာ၊ အီးမေးစစ်တာ၊ ဂိမ်းဆော့တာစတာတွေ မလုပ်သင့်ပါဘူး။ အဲဒီနည်းပညာအသုံးအဆောင်တွေကဆီကလာတဲ့ အပြာရောင်အလင်းတန်းက အိပ်စက်မှုဟော်မုန်း မယ်လ်တိုနင်ကိုဟန့်တားပြီး အိပ်ရေးပျက်စေတာ ဖြစ်ပါတယ်။

– မှောင်မည်းတိတ်ဆိတ်မှု

အိပ်တဲ့အခါမီးပိတ်လိုက်ရင် အခန်းကမှောင်နေဖို့ လိုပါတယ်။ အိပ်ခန်းထဲမှာ အလင်းရောင်နည်းနည်းလောက်ရှိနေရင် မျက်စိစုံမှိတ်လိုက်တဲ့အခါ အိပ်စက်မှုကို အဟန့်အတားဖြစ်စေနိုင်လို့ပါ။

– အရောင်ဖျော့ဖျော့နံရံ

အခန်းနံရံက တောက်ပတဲ့အရောင် (ဥပမာ အနီရောင်) ရှိရင် စိတ်ကိုလှုံ့ဆော်ပြီး နိုးကြွစေပါတယ်။ လေ့လာမှုအရ အခန်းနံရံကအပြာရောင်ဖြစ်ရင် အိပ်စက်မှုအတွက် အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ အစိမ်းရောင်နဲ့ အဝါရောင်အခန်းတွေကလည်း စိတ်ကိုငြိမ်းချမ်း စေပါတယ်။

– အိပ်ရာခင်းနှင့် စောင်

အိပ်ရာခင်းကသန့်ရှင်းနေဖို့ လိုသလို စောင်ကမထူမပါးနဲ့ သက်သောင့်သက်သာရှိရှိ၊ နွေးထွေးတဲ့အမျိုးအစား ဖြစ်သင့်ပါတယ်။ ညဘက်ချွေးထွက်တတ်ရင် ညအိပ်ဝတ်စုံမဝတ်ဘဲ အိပ်စက်ကြည့်သင့်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top