Healthy Life Ad
Health Tips

အီစထရိုဂျင် ပါဝင်မှုမြင့်မားသည့်ထိပ်တန်းအစာများ

၊ လရိပ်မေ ၊
အီစထရိုဂျင်ဟော်မုန်းကို အမျိုးသမီးလိင်ဟော်မုန်းလို့ လူသိများပြီး အမျိုးသမီးနဲ့ အမျိုးသားတွေမှာ တွေ့ရပါတယ်။ အမျိုးသမီးတွေ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင်ဟော်မုန်း ချို့တဲ့သွားတတ်တဲ့အတွက် ပြန်လည်ဖြည့်တင်းနိုင်ဖို့ သဘာဝအစာတွေကို ရွေးချယ်စားသင့်ပါတယ်။

– မြေပဲ
မြေပဲမှာ ဖိုင်တိုအီစထရိုဂျင်ဖြစ်တဲ့ လစ်ဂနင်ဓာတ် ပါဝင်ပါတယ်။ ဒါ့အပြင် အာဟာရဓာတ် တွေလည်း ပါဝင်ပါတယ်။

– နှမ်း
နှမ်းစေ့မှာ ဖိုင်တိုအီစထရိုဂျင်ဓာတ် ပါဝင်မှု မြင့်မားတဲ့အတွက် အမျိုးသမီးတွေနဲ့ သင့်တော်တဲ့ အစာဖြစ်ပါတယ်။

– ပဲပုပ်စေ့
ပဲပုပ်စေ့မှာ အီစထရိုဂျင်အပြင် ကယ်လ်ဆီယမ်နဲ့ သံဓာတ် ပါဝင်မှု မြင့်မားပါတယ်။ ပဲပုပ်စေ့ကို သင် နေ့စဉ် စားနေကျ အစာထဲ ထည့်စားတာကြောင့် အီစထရိုဂျင်ဓာတ် ဟန်ချက်မညီမျှမှုကို ရှောင်လွှဲနိုင်ပါတယ်။
ပဲနို့မှာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တာကြောင့် အမျိုးသမီးတစ်ယောက်ရဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်ကို ရရှိစေပါတယ်။

– သခွားသီး
သခွားသီးမှာ ဖိုင်တိုအီစရိုဂျင်ဓာတ် ပါဝင်တဲ့အပြင် ရေဓာတ် ပါဝင်မှု များပါတယ်။ ဒါက နွေရာသီ အတွက် အကောင်းဆုံး အစာပါ။

– မုန်လာဥနီ
အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း ချို့တဲ့တာကြောင့် ချွေးစေးပြန်တာနဲ့ ပူစပ်ပူလောင်ဖြစ်တာတို့ ဖြစ်တတ်ပါတယ်။ မုန်လာဥနီမှာ အီစထရိုဂျင်ဓာတ် ကောင်းစွာ ပါဝင်တဲ့အပြင် အင်တီအောက်ဆီးဒင့်လည်း များများ ပါရှိပါတယ်။

– တိုဟူး
တိုဟူးမှာ အဆီဓာတ် ပါဝင်မှုနည်းပေမယ့် ဖိုင်တိုအီစထရိုဂျင် ပါဝင်မှုများတာကြောင့် ကိုယ်တွင်း ဟော်မုန်းအဆင့်ကို ဟန်ချက်ညီမျှစေပါတယ်။

– ဥနီ (Beef)
ဥနီမှာ ဖိုင်တိုအီစထရိုဂျင်ပါဝင်မှု မြင့်မားတာကြောင့် ကိုယ်တွင်း ဟော်မုန်းဓာတ်ကို ဟန်ချက်ညီ မျှစေပါတယ်။
(Bef; HD)

Most Popular

Healthy Life Ad
To Top